သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂိုဏ်းအုပ်တွေကို အကျပ်ကိုင်တဲ့ကိစ္စ ဗာတီကန်ရှုတ်ချ


ဂိုဏ်းအုပ်တွေကို အကျပ်ကိုင်တဲ့ကိစ္စ ဗာတီကန်ရှုတ်ချ

တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ တရားဟောဆရာတွေကို ပုပ်ရဟန်းမင်း အသိအမှတ်မပြုတဲ့၊ တရုတ်အစိုးရက အားပေးထောက်ခံထားတဲ့ ခရစ်ယာန်ဘုရားကျောင်းကို အစိုးရက အတင်းအဓမ္မ တက်ရောက်ခိုင်းနေတဲ့အတွက် ဗာတီကန်က ဝေဖန်ရှုတ်ချလိုက်ပါတယ်။ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစောင်မှာ တရုတ်နိုင်ငံဟာ လက်မခံနိုင်စရာ ရန်လိုတဲ့လုပ်ရပ်မျိုးကို လုပ်နေပြီး တရုတ်အစိုးရနဲ့ ပုပ်ရဟန်းမင်းတို့ကြားက ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ဗာတီကန်က စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဘေဂျင်းမြို့မှာ တရုတ် ကက်သလစ်ဘာသာဝင် ကိုယ်းစားလှယ် အစည်းအရုံးက ၃ ရက်ကြာ အစည်းအဝေးကျင်းပပြီး အကြီးတန်း ဘာသာရေးခေါင်းဆောင်တွေ ရွေးချယ်ခဲ့တဲ့ကိစ္စဟာ တကယ့်ကို စိတ်မကောင်းစရာပဲလို့လည်း ဗာတီကန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ တရားဟောဆရာ အများအပြားဟာ အဲဒီအစည်းအဝေးကို အတင်းအဓမ္မ တက်ရောက်ခိုင်းတာခံခဲ့ရပြီး အဲဒီလိုလုပ်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်၊ တရုတ်နိုင်ငံရဲ့ အားနည်းချက်ကို ထုတ်ဖော်ပြရာ ရောက်တယ်လို့လည်း ဆိုပါတယ်။

တရုတ်အစိုးရ အားပေးထောက်ခံမှုနဲ့ တည်ထောင်ထားတဲ့ ဘုရားကျောင်းက ပုပ်ရဟန်းမင်းကြီးရဲ့ သြဇာအာဏာကို အသိအမှတ်ပြုခြင်း မရှိပါဘူး။

XS
SM
MD
LG