သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေတပ်က ဗီယက်နမ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ရိုက်နှက်


တရုတ်ရေတပ်က ဗီယက်နမ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ရိုက်နှက်
တရုတ်ရေတပ်က ဗီယက်နမ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ရိုက်နှက်

လက်နက်ကိုင် တရုတ်စစ်သားတွေက တောင်တရုတ်ပင်လယ်ပြင်မှာ သွားနေတဲ့ ဗီယက်နမ် ငါးဖမ်းသင်္ဘောပေါ်ကို တက်ပြီး သင်္ဘောကပ္ပတိန်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး နှစ်နိုင်ငံ သူပိုင် ငါပိုင် ပြောနေတဲ့ ရေပိုင်နက်ထဲကနေ မောင်းထုတ်လိုက်ပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့ကို ကိုးကားပြီး ဗီယက်နမ်သတင်းက ထုတ်ပြန်ရာမှာ အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ ပရာဆဲလ်ကျွန်းစု (Paracel Islands) အနီး ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ အဲဒီကျွန်းစုဟာ သတ္တု ပေါကြွယ်ဝပြီး တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့က သူပိုင် ငါပိုင် ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

တရုတ်စစ်သားတွေက ဗီယက်နမ် သင်္ဘောပေါ်ကနေ ငါးတန်ချိန် တတန်ကိုလည်း သိမ်းယူလိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ငါးဖမ်းသင်္ဘော ကမ်းပြန်ကပ်လာတဲ့ ဗုဒ္ဓဟူးနေ့ကျမှ သိရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဘာမှ မတုံ့ပြန်ပါဘူး။

တောင်တရုတ်ပင်လယ် ပရာဆဲလ်နဲ့ စပရက်လီ (Spratly) ကျွန်းတန်းကို တရုတ်က ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပြီးတဲ့ နောက်ပိုင်း ရေကြောင်း ဥပဒေသတွေကို ချိုးဖောက်မှုတွေ လုပ်နေတယ်ဆိုပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပြောပါတယ်။

ပြီးခဲ့တဲ့လထဲမှာ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး လိုအပ်ရင် အင်အားသုံးမယ်ဆိုပြီး တရုတ်က ဗီယက်နမ်ကို ပြောဆိုခဲ့ပါတယ်။

ဒီနေရာရဲ့ တစိတ်တဒေသကို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်ဆိုပြီး ပြောနေကြတာပါ။

တောင်တရုတ်ပင်လယ်အတွင်း လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ နောက်တပတ် အင်ဒိုနီးရှားမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ တရုတ်က တင်ပြဖို့ ရှိနေတယ်ဆိုပြီး ဂျပန်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG