သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် အမြန်ဆုံး ဖွင့်ပေးဖို့ ဗီယက်နမ် တိုက်တွန်း


တရုတ်-ဗီယက်နမ် နယ်စပ်အနီးက Guangxi ဒေသ တည်နေရာပြ မြေပုံ။
တရုတ်-ဗီယက်နမ် နယ်စပ်အနီးက Guangxi ဒေသ တည်နေရာပြ မြေပုံ။

(Zawgyi)

COVID-19 ကပ်ရောဂါပိုး ကူးစက်သူ တယောက်မှ မရှိစေရေး တရုတ်အစိုးရ ချမှတ်လိုက်တဲ့ မူဝါဒအရ နယ်စပ်ထိန်းချုပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်း နယ်စပ်ဂိတ်တွေမှာ ပိတ်မိနေတဲ့ များပြားလှတဲ့ ထရပ်ကားတွေနဲ့ ပတ်သက်ပြီး အရေးပေါ် ကိုင်တွယ်ဖြေရှင်းပေးဖို့ တရုတ်နိုင်ငံ Guangxi ဒေသ အာဏာပိုင်တွေကို ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက ပန်ကြားလိုက်ပါတယ်။

Guangxi ပြည်နယ်ထဲမှာ ပြည်ပက ဝင်လာသူတွေဆီကနေ ကိုဗစ်ကူးစက်မှုရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အဲဒီနယ်စပ်မှာ ကုန်ထရပ်ကား ထောင်နဲ့ချီပြီး သောင်တင်နေတာကို ဗီယက်နမ်အစိုးရ သတင်းမှာ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရောဂါမကူးစက်အောင် ကာကွယ်တဲ့အနေနဲ့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်တာ၊ သစ်သီးတင်ပို့ခွင့် ရပ်ဆိုင်းလိုက်တာမျိုးတွေဟာ လိုအပ်တာထက် ပိုနေတယ်လို့ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး ဖော်ပြထားသလို ဒါဟာ ၂ နိုင်ငံ ကုန်သွယ်ရေးအတွက် အနှုတ်လက္ခဏာ ဖြစ်စေတဲ့အပြင် ၂ နိုင်ငံ ပြည်သူတွေရော စီးပွားရေးပါ ဆုံးရှုံးမှု ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

Guangxi ပြည်နယ် ကုန်သွယ်ရေး တာဝန်ခံတွေကတော့ အကောက်ခွန်လုပ်ငန်းအတွက် အချိန်တိုးပေးမှာ ဖြစ်တဲ့အပြင် တခြား အဆိုပြုချက်တွေကိုလည်း အထက်အာဏာပိုင်တွေဆီ တင်ပြပေးမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

တရုတ်ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တင်ပို့ရောင်းချရာ အကြီးဆုံးဈေးကွက်လည်း ဖြစ်ပါတယ်။

၂ နိုင်ငံကြား စိုက်ပျိုးထုတ်ကုန်ဆိုင်ရာ ကုန်သွယ်မှုဟာ ၂၀၂၀ ပထမ ၁၁ လမှာ ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိရာကနေ ၂၀၂၁ အဲဒီကာလမှာတော့ ၁၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

-----------------

(Unicode)








XS
SM
MD
LG