သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရေပိုင်နက်အငြင်းပွါးမှု တရုတ်-ဗီယက်နမ် ငြိမ်းချမ်းစွာဖြေရှင်းမည်


တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်ပြဿနာ အငြင်းပွါးနေမှုဖြေရှင်းရာမှာ သည်းခံမှုရှိကြဖို့ ဗီယက်နမ်နဲ့ တရုတ် ၂ နိုင်ငံက သဘောတူလိုက် ကြပါတယ်။ဗီယက်နမ်နိုင်ငံ ဟနွိုင်ကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ တွေ့ဆုံပွဲအပြီး တနင်္ဂနွေနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားခဲ့တာပါ။

ပိုင်နက်ပြဿနာကို ပိုကြီးထွားအောင် မလုပ်ပဲ ၂ နိုင်ငံ ပြေလည်အောင် ဖြေရှင်းသင့်တယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ခဲ့သလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးကလည်း ရေပိုင်နက်ပြဿနာ ပြေလည်အောင် ဖြေရှင်းရေးဟာ ၂ နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့ အတွက် သိပ်ကို အရေးကြီးကြောင်းပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်း ပိုင်နက်အငြင်းပွါးမှုကို ဖြေရှင်းရာမှာ နိုင်ငံတကာဥပဒေအရ တနိုင်ငံရဲ့တရားဝင်ရပိုင်ခွင့်နဲ့ အကျိုးစီးပွါးကို နောက်တနိုင်ငံက လေးစားပြီး အငြင်းပွါးမှုပိုဆိုးအောင် ပိုရှုပ်အောင်မလုပ်ပဲ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ပွါးအောင်ထိမ်းချုပ်ဖို့ ဗီယက်နမ်နဲ့ တရုတ် ခေါင်းဆောင်တွေသဘောတူထားတဲ့ အငြင်းပွါးမှု ဖြေရှင်းရေးဆိုင်ရာ အခြေခံ အချက်တွေကို အပြန်အလှန်လိုက်နာ ကျင့်သုံးဖို့ ပန်ကြားခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း ၂ နိုင်ငံ ဆက်ဆံရေးကောင်းမွန်ပြီး တည်ငြိမ်တိုးတက်မှု ရှိအောင် ထိမ်းထားရေးဟာ တောင် တရုတ်ပင်လယ်တွင်း ပိုင်နက်ပြဿနာ အဖြေရှာရာမှာ အရေးကြီးတဲ့ ကဏ္ဍက ပါနေတာကို ၂ ဖက်သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။ အခြေနေပိုဆိုးစေမယ့် တဖက်သတ် လုပ်ဆောင်မှုမျိုးတွေ ရှောင်ကျဉ်ဖို့ ဆွေးနွေးမှုနဲ့ အဖြေရှာဖို့ သဘောတူခဲ့ကြသလို ပင်လယ်ပြင်ပြဿနာ ဆိုင်ရာမှာ ၂ နိုင်ငံ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်သင့် တယ်လို့ ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG