သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်အငြင်းပွားမှု တရုတ် - ဗီယက်နမ် ဆွေးနွေးလို


အငြင်းပွားမှုဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရေယာဉ်ရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့တဲ့ ဗီယက်နမ်သင်္ဘော။
အငြင်းပွားမှုဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရေယာဉ်ရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့တဲ့ ဗီယက်နမ်သင်္ဘော။
ရေပြင်ပိုင်နက် အငြင်းပွားမှုတွေရှိနေတဲ့ ဗီယက်နမ် ကမ်းလွန်ရေပြင်မှာ သိပ်မကြာခင်တုန်းက တရုတ်အစိုးရဘက်က ရေနံလုပ်ကွက်တခု တည်ဆောက်မှုနဲ့ ပတ်သက်လို့ အချင်းများရာကနေ ထိခိုက်ခဲ့ရတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ ဆန္ဒရှိကြောင်းကို ဟနွိုင်းမြို့က ဆွေးနွေးပွဲတွင်း တရုတ်နဲ့ ဗီယက်နမ် အစိုးရအရာရှိတွေက ထုတ်ဖော် ပြသခဲ့ကြပါတယ်။

"နှစ်နိုင်ငံလုံးအတွက်ရော၊ ဒေသအတွက်ပါ အကျိုးရှိစေဖို့အတွက် ခိုင်မာပြီး တည်ငြိမ်မှုရှိတဲ့ ဆက်ဆံရေးတရပ် ရှိလာဖို့ အရှေ့ပင်လယ်ကိစ္စကို ဆွေးနွေး အဖြေရှာဖို့ ကျနော်တို့မှာ ဆန္ဒရှိပါတယ်။" - လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောသွားတာပါ။

ဗီယက်နမ်မှာ အရှေ့ပင်လယ်လို့ အသိများတဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာဟာ တရုတ် နိုင်ငံတော်ကောင်စီဝင် Yang Jiechi နဲ့ တွေ့ဆုံစဉ် အဓိက ဆွေးနွေးမယ့်ကိစ္စ ဖြစ်တယ်လို့လည်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောဆိုပါတယ်။

ပင်လယ်ပြင်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ဗီယက်နမ်နိုင်ငံတွင်းမှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ မေလတွင်း တရုတ်က ရေနံလုပ်ကွက်သစ် စတင်ခဲ့ချိန်ကစလို့ နှစ်ဘက် အဆင့်မြင့် အရာရှိတွေ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်သလို၊ အခုလို လိုလားမှုတွေကို ထုတ်ဖော် ပြသခဲ့ကြတာပါ။

ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ မစ္စတာ Yang Jiechi ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung နဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ Nguyen Phu Trong တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
XS
SM
MD
LG