သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရေနံတူးစင် ဗီယက်နမ်ဘက် ကိုရွှေ့


တရုတ်ကမ်းခြေစောင့်တပ်များ လုံခြုံရေးယူထား။
တရုတ်ကမ်းခြေစောင့်တပ်များ လုံခြုံရေးယူထား။
တရုတ်နိုင်ငံ က သူတို့ အနေနဲ့ ဒုတိယ ရေနံတူးစင်ကို အငြင်းပွားမှု ဖြစ်နေတဲ့ ဗီယက်နမ် ကမ်းခြေအနီးကို ရွှေ့လိုက်တယ်လို့ ပြောပါတယ်။ အဲဒီ နေရာ ဟာနှစ်နိုင်ငံ သင်္ဘောတွေ ပြင်းပြင်းထန်ထန် ဝင်တိုက်နေကြတဲ့ နေရာနားမှာပါ။
ပေ ၂၀၀၀ ခန့် ရှည်တဲ့ ဒီ ရေနံတူးစင်ကို အခုလက်ရှိနေရာ ဟိုင်နမ်ကျွန်း တောင်ပိုင်း ကနေပြီး အရှေ့တောင်ပိုင်း နေရာကို ဆွဲယူသွားနေတာပါ။

ဗီယက်နမ် ကမ်းခြေနဲ့ ပိုပြီးနီးတဲ့ နေရာကို သောကြာနေ့မှာ ရောက်ရှိမယ် လို့ ပင်လယ်ပြင်လုံခြုံရေး ဌာနက သူတို့ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီ နေရာမှာရှိတဲ့ သင်္ဘောတွေကို လမ်းရှင်းထားဖို့ အကြောင်းကြား ထားပါတယ်။ ဗီယက်နမ်က ဒီ တွင်းတူးစင် နှစ်ခုလုံးဟာ သူတို့ရဲ့ စီးပွားရေး ဇုံ နဲ့ နိုင်ငံရဲ့ ကမ်းဦး ရေတိမ် ထဲရောက်နေပြီလို့ ပြောပါတယ်။

ဒီ တွင်းတူးစင်ရွှေ့ တာဟာ နှစ်ဖက် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ဘာရလာဒ်မှ ထွက်မလာတဲ့ နောက်ပိုင်းမှာ ဖြစ်လာတာပါ။ ပထမတွင်းတူးစင် စတုန်းကလည်း ဗီယက်နမ် နိုင်ငံတဝန်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး တရုတ် အလုပ်သမားတွေကို ခန့်ထားတဲ့ စက်ရုံပေါင်း များစွာ တိုက်ခိုက်ခံရကာ လူ ငါးယောက် အသတ်ခံရပြီး လူ ရာပေါင်းများစွာ ဒဏ်ရာ ရခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့ စက်ရုံအများစုဟာ လက်ရှိ အရေးအခင်း နဲ့ ဘာမှ မဆိုင်တဲ့ ထိုင်ဝမ်က ရင်းနှီးမြုပ်နှံသူတွေ ပိုင်ဆိုင် လုပ်ကိုင် ကြတာဖြစ်ပါတယ်။
XS
SM
MD
LG