သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးမစဉ်းစားဖို့ တိုင်ဝမ်ကို တရုတ်သတိပေး


တိုင်ဝမ်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာတဲ့ Tsai Ing-wen
တိုင်ဝမ်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာတဲ့ Tsai Ing-wen

တိုင်ဝမ်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Tsai Ing-wen ကို တိုင်ဝမ် မဲဆန္ဒရှင်တွေက ရွေးကောက် တင်မြှောက်ထားပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ် နိုင်ငံအာဏာရယူခဲ့ချိန်ကစလို့ တရုတ်နဲ့ဆက်ဆံရေး တိုးတက်ဖို့ကိုပဲ အထူးတလည် အာရုံစိုက် ခဲ့တဲ့ Nationalist Party (KMT) ကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ တိုင်ဝမ် လွတ်လပ်ရေးကို ဇောင်းပေးတဲ့ Tsai Ing-wen ရဲ့ Democratic Progressive Party (DPP) က ပထမဆုံးအကြိမ်အဖြစ်နဲ့ အမတ်နေရာ အများ စု အနိုင်ရခဲ့ပြီး ဒါဟာဆိုရင် တရုတ်နဲ့ စီးပွားရေးအရရော တခြား မူဝါဒပိုင်းဆိုင်ရာမှာပါ သက်ရောက်မှု ကြီးကြီးမားမား ရှိလာမယ့် ဖြစ်ထွန်းမှုတခုလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလာဒ်ကို ကြေညာအပြီး အချိန်တိုအတွင်းမှာဘဲ တိုင်ဝမ်ရဲ့ လွတ်လပ်ရေးဆောင်ရွက်မှု အားလုံး ကို ဆက်ပြီး ဆန့်ကျင် ကန့်ကွက်သွားမယ်လို့ တရုတ်နိုင်ငံရဲ့ တိုင်ဝမ်ရေးရာဌာနက ပြောဆိုလိုက်ပါတယ်။ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုကို ကျောက်တုံး ကျောက်ဆိုင်လို ခိုင်ခိုင်မာမာ ကာကွယ်ဖို့အတွက် တရုတ် အစိုးရဘက်က ဆုံးဖြတ်ထားတယ်လို့ တရုတ်နိုင်ငံပိုင် Xinhua သတင်းအေဂျင်စီကလည်း ဖော်ပြပါတယ်။

XS
SM
MD
LG