သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန် ပြဿနာတွေ ထပ်မကြုံရစေဖို့ အမေရိကန်ကို တရုတ်သတိပေး


ဟောင်ကောင်မှ လူအခွင့်အရေး လှုပ်ရှားသူများ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဆက်ဆံရေး ရုံးရှေ့တွင် ချန်ဂွမ်ချန်း (Chen Guangcheng) အရေး ထောက်ခံ ဆန္ဒ ပြကြစဉ်။

တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူမျက်မမြင်ရှေ့နေ ချန်ဂွမ်ချန်း (Chen Guangcheng) ရဲ့အရေးမှာ အမေရိကန်ပြည်ထောင်စုက အဆက်မပြတ် ၀င်ပြီး ပါဝင်နေတာကို ရှောင်ကြဉ်တဲ့ အနေနဲ့၊ က္ကနြေ္ဒရရ ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်သင့်တယ်လို့၊ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ ပြောရေး ဆိုခွင့်ရှိ သူ ဟုန်လေး (Hong Lei) က၊ ဒီကနေ့ မေလ (၇) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို သူ့ရဲ့ မိသားစုနဲ့အတူ သွားရောက် ဖို့ ခွင့်ပြုချက်တောင်းခံတဲ့အခါမှာ၊ တရုတ်အစိုးရက မလိုမလားနဲ့ သူ့ကို ဒုက္ခပေးလိမ့်မယ်လို့ သူမျှော်လင့်မထားကြောင်း၊ ချန်ဂွမ်ချန်း (Chen Guangcheng) က၊ ရိုက်တာ(Reuters)သတင်းဌာနကို၊ ဒီကနေ့ မေလ(၇)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ရိုက်တာသတင်းဌာနနဲ့ တယ်လီဖုံး ဆက်သွယ်မေးမြန်းခန်းမှာ၊ ချန်ဂွမ်ချန်း က တရုတ်နိုင်ငံကနေ ဘယ်အချိန်မှာ သူထွက်ခွာနိုင်မယ်ဆိုတာ မသိနိုင်ကြောင်းနဲ့ ဒီကိစ္စဟာ သိပ်ပြီး မကြာသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရှန် ဒေါင်း(Shandong)ပြည်နယ် ဒေါင်ချင်ဂူ(Dongchingu)ရွာက နေအိမ်မှာ အကျယ်ချုပ် နဲ့အကျဉ်းချ ခံထားရာကနေ ဧပြီ(၂၂)ရက်နေ့က ထွက်ပြေး လွတ်မြောက် ခဲ့တဲ့ ချန်ဂွမ်ချန်းဟာ၊ သူထွက်ပြေး စဉ်က ခြေထောက် ဒဏ်ရာရရှိခဲ့တာကို၊ အခုအခါမှာ ဘေဂျင်းမြို့တော်က ဆေးရုံတစ်ရုံမှာ တက်ရောက်ဆေးကုသနေပါတယ်။

XS
SM
MD
LG