သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတု အဆိပ်ဓာတ် သင့်


တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတု အဆိပ်ဓာတ် သင့်
တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတု အဆိပ်ဓာတ် သင့်

တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Liujiang မြစ်ထဲကို အနားမှာရှိတဲ့ မိုင်းတွင်းမှာ အသုံးပြုတဲ့ Cadmium ဓာတုပစ္စည်းတွေ စီးဝင်ကုန်တဲ့အတွက် သန်းပေါင်းများစွာသော ဒေသခံတွေ ဘုံဘိုင်ရေကို မသောက်ကြဖို့ အာဏာပိုင်တွေက သောကြာနေ့မှာ အမိန့်ထုတ်ထားပါတယ်။ တချို့နေရာတွေမှာ ရေထဲကို အဲဒီ Cadmium ဓာတုဗေဒဓာတ် ပါဝင်မှုနှုန်းက တရားဝင် သတ်မှတ်ထားတာထက် ၅ ဆလောက် များနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီဓာတုဓာတ် ယိုစိမ့်မှု အကျယ်အဝန်းဟာ ၆၂ မိုင်ကျော်လောက်အထိ ရှိပြီး လူပေါင်း ၄ သန်းနီးပါးလောက် နေထိုင်တဲ့ Liuzhou မြို့အထိ ပျံ့နှံ့နေတယ်လို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီ ဓာတုဗေဒဓာတ် ယိုစိမ့်မှုကို ပြီးခဲတဲ့ သီတင်း ၂ ပတ်လောက်ကစပြီး Hechi မြို့မှာ စတင် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အနီးနားက မိုင်းတွင်းမှာ အသုံးပြုဖို့အတွက် ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့နေရာက မြေကြီးထဲ ယိုစိမ့်ပြီး မြေအောက် ရေကြောထဲကနေ မြစ်ထဲရောက်သွားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အဲဒီ Cadmium ဓာတုဗေဒပစ္စည်းတွေ ဓာတ်ပျယ်သွားအောင် ဝန်ထမ်းတွေက ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာတော့ ဓာတ်ပျယ်အောင် လုပ်တဲ့အနေနဲ့ ဝန်ထမ်းတွေက ထုံးတွေကို မြစ်ထဲသွန်ချနေကြတယ်လို့ ဆိုပါတယ်။ အဲဒီ Cadmium ဓာတု ပစ္စည်းတွေဟာ ထုံးနဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုပြီး အဆိုင်အခဲတွေ ဖြစ်သွားတာကြောင့် ရေထဲကနေ ဆယ်ယူရ လွယ်ကူတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG