သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တောင်ပိုင်း မိုးသည်းထန် ရာချီသေဆုံး


တရုတ်တောင်ပိုင်း မိုးသည်းထန် ရာချီသေဆုံး

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ မိုးအပြင်းအထန် ရွာသွန်းမှုနဲ့ မုန်တိုင်းဒဏ်ကြောင့် လူ အနည်းဆုံး ၁၀၀ ကျော် သေဆုံးပြီး ထောင်ဂဏန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

အစိုးရက ပြည်နယ် ၆ ခုက လူပေါင်း ၈၈,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အတွက်လည်း ညွှန်ကြားခဲ့တာပါ။

တောင်ပိုင်းဒေသက ရှန်ဇီး (Jiangxi) နဲ့ ဂျီချန် (Zhejiang) ပြည်နယ်တွေမှာ ဗုဒ္ဓဟူးနေ့က လူပေါင်း ၇၂,၀၀၀ ဟာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတယ်လို့လည်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ ရှန်ဇီးပြည်နယ်မှာ မိုးသည်းထန်မှုကြောင့် အိမ်ပေါင်း ၁,၃၀၀ ကျော် ပြိုလဲခဲ့ကြောင်း သတင်းက ဖော်ပြခဲ့တာပါ။

အရင်တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားရာက တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ သေဆုံးသူ လူပေါင်းဟာ အခုဆိုရင် ၁၁၀ ကျော် ရှိနေပြီး အများအပြားဟာလည်း ပျောက်ဆုံးနေပါတယ်။

ဟူဘေး (Hubei) ပြည်နယ်က ရေလွှမ်းမိုးမှုကြောင့် အင်္ဂါနေ့မှာ လူပေါင်း ၅၅,၀၀၀ ဟာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရပြီး အများစုဟာ ရှီယန်နင်း (Xianning) မြို့က ဖြစ်ကြပါတယ်။

မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဟူဘေးနဲ့ ဟူနန် (Hunan) ပြည်နယ်တွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အစိုးရက ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာသန်း ၂၀ သုံးစွဲဖို့ ကြေညာခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းကစလို့ မိုးသည်းထန်မှုတွေ ကြုံခဲ့ရတဲ့ တောင်ပိုင်းပြည်နယ် တချို့ဟာဆိုရင် အစောပိုင်းမှာ မိုးခေါင်ရေရှားမှုတွေနဲ့ ကြုံခဲ့ရတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။

XS
SM
MD
LG