သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြန်လည် သင့်မြတ်ရေး တရုတ် အားပေးထောက်ခံမည်


ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့ဆုံစဉ်။ (ဇွန် ၁၁၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့ဆုံစဉ်။ (ဇွန် ၁၁၊ ၂၀၁၅)

တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ ပြန်လည် သင့်မြတ်ရေးကို ထောက်ခံ ပံ့ပိုး သွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်သွားပါမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံ အပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတွေကို တရုတ်နိုင်ငံက ဆက်ပြီး ကျင့်သုံးသွားမှာပါ။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရေး လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်တဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆက်ပြီး ထောက်ခံအားပေးသွားမှာပါ။ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် မြန်မာနိုင်ငံနဲ့ အတူတကွ လုပ်ဆောင်ချင်ပါတယ်။” လို့Lancang-Mekong မြစ် ပထမ အကြိမ်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Wang Yi ကပြောပါတယ်။

အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ပါတယ်။ မြန်မာ့ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြီးသွားတဲ့ အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက သူ့ကို ပြောတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံအနေနဲ့ ဝမ်းမြောက်တဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ ပြီးဆုံးသွားတာကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်လို့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီး Wang Yi ကပြောပါတယ်။

XS
SM
MD
LG