သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ် ပေကျင်းမြို့တော်မှာစတင် 


2022 Beijing Olympics - Opening Ceremony
2022 Beijing Olympics - Opening Ceremony


ဆောင်းရာသီ အိုလံပစ် ပေကျင်းမြို့တော်မှာစတင်
{{Zawgyi/Unicode}}

၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို တရုတ်နိင်ငံ ပေကျင်းမြို့တော်က အမျိုးသား အားကစားကွင်းမှာ သောကြာနေ့က တရားဝင် အခမ်းအနားနဲ့ စတင်လိုက်ပါပြီ။ ဖွင့်ပွဲကို အိုလံပစ်ကော်မတီဥက္ကဌ နဲ့ အတူ တရုတ် သမ္မတ ရှီကျင်းပင် ကိုယ်တိုင် တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီ အားကစားကွင်းကြီးက ငှက်သိုက်ဒီဇိုင်းလို့ လူသိများကျော်ကြားတဲ့ ၂၀၀၈ခုနှစ် နွေရာသီ အိုလံပစ်ပွဲ ကျင်းပတဲ့နေရာလည်းဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံတကာက ခေါင်းဆောင်များ၊ သံတမန်များနဲ့ အရေးကြီးပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ကတော့ တရုတ်နိုင်ငံ ရှင်ကျင်းဒေသက ဝီဂါမွတ်စလင်တွေ အပေါ် လူမျိုးတုန်းအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရတာဝန်ရှိသူတွေ မတက်ရောက်ပဲ အာကစားသမားတွေသာ စေလွှတ်ပြီး သံတမန်ရေးအရ သပိတ်မှောက်ထားပါတယ်။

တရုတ်အစိုးရကတော့ ဝီဂါမူဆလင်တွေအပေါ် ဖိနှိပ်မှု စွပ်စွဲချက်တွေကို ငြင်းဆန်ထားတာပါ။ သံတမန်ရေး သပိတ်မှောက်တဲ့ နိုင်ငံတွေထဲမှာ အခုနောက်ဆုံး အိန္ဒိယနိုင်ငံလည်း ပါဝင်လာပါတယ်။

၂၀၂၀ ပြည့်နှစ်က သေကျေထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ ၂ နိုင်ငံ နယ်စပ် ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ တရုတ်တပ်ဖွဲ့ဝင် တယောက်ဟာ အိုလံပစ်မီးရှုးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ရာမှာ ပါဝင်နေတဲ့အတွက် အိန္ဒိယက ကန့်ကွက်တဲ့ အနေနဲ့ သပိတ်မှောက်ခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် အားသစားသမားတွေနဲ့ ပရိသတ် အနည်းငယ်သာ တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကပ်ရောဂါကာကွယ်ရေးအတွက် စည်းကမ်းတင်းကျပ်ထားတဲ့ကြားမှာပဲ ကိုဗစ်ရောဂါ ကူးစက်သူ ၂၉၀ကျော် စစ်ဆေးတွေ့ရှိထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

.................................................

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}







XS
SM
MD
LG