သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ အိုလံပစ္ဝင္မယ့္ အားကစားသမားတခ်ိဳ႕ ကိုဗစ္ကူးစက္


တ႐ုတ္ႏုိင္ငံမွာ က်င္းပမယ့္ ေဆာင္းရာသီအိုလံပစ္ပြဲေတာ္ အထိမ္းအမွတ္။ (ဇန္နဝါရီ ၂၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံမွာ ခုရက္ပိုင္းက်င္းပေတာ့မယ့္ အိုလံပစ္အားကစားပြဲမွာယွဥ္ၿပိဳင္မယ့္ အားကစားသမားတခ်ိဳ႕နဲ႔ အသင္းတာဝန္ရွိသူေတြ အပါအဝင္လူ ၃၇ ေယာက္မွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံထားရတယ္လို႔ အိုလံပစ္ ပြဲတာဝန္ရွိသူေတြက တနဂၤေႏြေန႔ကေျပာပါတယ္။ စေနေန႔တုန္းကလည္း ကစားပြဲေတြနဲ႔ ဆက္စပ္ေနတဲ့ သူ ၃၄ ေယာက္ ကိုဗစ္ကူးစက္ေနတာကို စစ္ေဆးေတြ႔ရွိခဲ့တာပါ။

အေမရိကန္မွာေတာ့ အေနာက္ဘက္ ကမ္း႐ိုးတန္းတေလွ်ာက္ ဆိပ္ကမ္းလုပ္သားေတြၾကား ဒီလထဲ ကိုဗစ္ပိုးကူးသူေတြဟာ မႏွစ္တႏွစ္လုံးက ကူးခံရသူထက္ပိုမ်ားေနတယ္လို႔ ပစိဖိတ္ေရေၾကာင္းအသင္းကို ကိုးကားၿပီး the New York Times သတင္းစာႀကီးမွာေဖာ္ျပပါတယ္။ မႏွစ္က ပိုးကူးသူ ၁,၆၀၀ ေက်ာ္ပဲရွိရာက ၿပီးခဲ့တဲ့လမွာေတာ့ တလအတြင္း ၁,၈၀၀ ေက်ာ္ရွိတယ္လို႔ေျပာပါတယ္။

ဆိုက္ပရပ္စ္ ႏိုင္ငံမွာေတာ့ ဂိုဏ္းအုပ္ဆရာေတာ္ Chrystostomos II က သူပိုင္နယ္ေျမထဲက ကာကြယ္ေဆးထိုးဖို႔ျငင္းဆန္တဲ့ Orthodox ခရစ္ယာန္ဘုန္းေတာ္ႀကီး ၁၂ ပါးကို ရာထူးက ၆ လ ဒါမွမဟုတ္ အၿပီးတိုင္အနားေပးမယ္လို႔ ေျပာေၾကာင္း ႏိုင္ငံပိုင္ CyBC အသံလႊင့္ဌာနတနဂၤေႏြေန႔မွာေျပာပါတယ္။ Johns Hopkins တကၠသိုလ္ ကိုွဗစ္သုေတသနဌာန စာရင္းအရ တနလၤာေန႔အထိ တကမာၻလုံး ကိုဗစ္ကူးစက္သူ ၃၇၄.၈ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၅ သန္းေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

တရုတ် အိုလံပစ်ဝင်မယ့် အားကစားသမားတချို့ ကိုဗစ်ကူးစက်

တရုတ်နိုင်ငံမှာ ခုရက်ပိုင်းကျင်းပတော့မယ့် အိုလံပစ်အားကစားပွဲမှာယှဉ်ပြိုင်မယ့် အားကစားသမားတချို့နဲ့ အသင်းတာဝန်ရှိသူတွေ အပါအဝင်လူ ၃၇ ယောက်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ အိုလံပစ် ပွဲတာဝန်ရှိသူတွေက တနင်္ဂနွေနေ့ကပြောပါတယ်။ စနေနေ့တုန်းကလည်း ကစားပွဲတွေနဲ့ ဆက်စပ်နေတဲ့ သူ ၃၄ ယောက် ကိုဗစ်ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

အမေရိကန်မှာတော့ အနောက်ဘက် ကမ်းရိုးတန်းတလျှောက် ဆိပ်ကမ်းလုပ်သားတွေကြား ဒီလထဲ ကိုဗစ်ပိုးကူးသူတွေဟာ မနှစ်တနှစ်လုံးက ကူးခံရသူထက်ပိုများနေတယ်လို့ ပစိဖိတ်ရေကြောင်းအသင်းကို ကိုးကားပြီး the New York Times သတင်းစာကြီးမှာဖော်ပြပါတယ်။ မနှစ်က ပိုးကူးသူ ၁,၆၀၀ ကျော်ပဲရှိရာက ပြီးခဲ့တဲ့လမှာတော့ တလအတွင်း ၁,၈၀၀ ကျော်ရှိတယ်လို့ပြောပါတယ်။ ဆိုက်ပရပ်စ် နိုင်ငံမှာတော့ ဂိုဏ်းအုပ်ဆရာတော် Chrystostomos II က သူပိုင်နယ်မြေထဲက ကာကွယ်ဆေးထိုးဖို့ငြင်းဆန်တဲ့ Orthodox ခရစ်ယာန်ဘုန်းတော်ကြီး ၁၂ ပါးကို ရာထူးက ၆ လ ဒါမှမဟုတ် အပြီးတိုင်အနားပေးမယ်လို့ ပြောကြောင်း နိုင်ငံပိုင် CyBC အသံလွှင့်ဌာနတနင်္ဂနွေနေ့မှာပြောပါတယ်။ Johns Hopkins တက္ကသိုလ် ကိုှဗစ်သုတေသနဌာန စာရင်းအရ တနင်္လာနေ့အထိ တကမ္ဘာလုံး ကိုဗစ်ကူးစက်သူ ၃၇၄.၈ သန်းကျော်နဲ့ သေဆုံးသူ ၅ သန်းကျော်ရှိပါတယ်။

#ChinaOlmpic #ChinaCovid #Covid19 #VOABurmese #ကိုဗစ် #ဆိုက်ပရပ်စ် #တရုတ်အိုလံပစ် #ဗွီအိုအေ

=========

XS
SM
MD
LG