သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီအိုလံပစ်ကစားသမားတွေကို တရုတ်အစိုးရ အင်တာနက် လွတ်လပ်စွာ သုံးစွဲခွင့်ပြုမည်


[[Zawgyi/Unicode]]

ရှေ့နှစ် ဖေဖော်ဝါရီလမှာကျင်းပမယ့် ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်က အားကစားသမားတွေအနေနဲ့ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲခွင့်ပြုမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် Great Firewall လို့ခေါ်တဲ့ တရုတ်နိုင် ငံရဲ့ တင်းကြပ်တဲ့ အင်တာနက်ဆက်သွယ်ရေးစံနစ်ကို အခုလို ရှားရှားပါးပါး ဖွင့်ပေးပြီး လွတ်လပ်စွာ သုံးစွဲခွင့်ပြုမယ့်အပေါ် အားကစားသမားတွေက အထူး သတိထားကြလိမ့်မယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ တရုတ်အစိုးရက ယူဆထားတဲ့ နိုင်ငံတကာမှာ လူကြိုက်များ သုံးစွဲတွေနေတဲ့ App တွေ၊ လူမှုကွန်ယက်တွေ၊ အင်တာနက်ဝက်ဘ်ဆိုက်တွေကို ကန့်သတ်တားမြစ်တဲ့ နည်းပညာတွေ အားကောင်းအောင် တရုတ်နိုင်ငံက ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစား ဆောင်ရွက်လာခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဆောင်းရာသီအိုလံပစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေနေမယ့် အိုလံပစ်ရွာ၊ နိုင်ငံခြားက သတင်း မီဒီယာသမားတွေတည်းခိုမယ့် ဟိုတယ်တွေအပြင် တခြား နေရာတချို့မှာပါ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲခွင့်ပြုဖို့ တရုတ်အစိုးရက အတည်ပြုထားကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မီတီက ဗွီအိုအေကို အီးမေးလ်ကတဆင့် အတည်ပြု ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ Great Firewall လို့ခေါ်တဲ့ အဲဒီ အင်တာနက် သုံးစွဲမှု ကန့်သတ်ချက်ကို နိုင်ငံခြားသားတွေအတွက် တချို့အခမ်းအနားတွေမှာ လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်း အခါအားလျှော်စွာ အကန့်အသတ်မရှိ သုံးစွဲခွင့်ပြုခဲ့တာတွေ ရှိခဲ့ဘူးပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]







XS
SM
MD
LG