သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ တရုတ်တည်ဆောက်


တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာကို တည်ဆောက်လိုက်ပြီလို့ တရုတ်တို့ရဲ့ ကွန်ပြူတာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

Tianhe-1A ဒါမှမဟုတ် Milkay Way လို့ နာမည်ပေးထားတဲ့ တရုတ် စူပါကွန်ပြူတာဟာ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တီယန်ကျင်းမြို့က အမျိုးသား စူပါကွန်ပြူတာဌာနမှာ ရှိနေပါတယ်။

Tianhe-1A စူပါကွန်ပြူတာဟာ အမြန်နှုန်း ၂.၅၀၇ petaflops ထိ စွမ်းဆောင်ရည် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနှုန်းဟာ တစက္ကန့်ကို တွက်ချက်မှုပေါင်း ၂,၅၀၇ ထရီလီယန် လုပ်နိုင်တဲ့နှုန်းနဲ့ ညီမျှပါတယ်။

အဲဒါကြောင့် လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာအဖြစ် စံချိန်တင်ထားတဲ့ ကွန်ပြူတာထက် ၁.၄ ဆ ပိုမြန်ပါတယ်။ လက်ရှိ အမြန်ဆုံး စူပါကွန်ပြူတာဟာ အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ Oak Ridge အမျိုးသား ဓာတ်ခွဲခန်းမှာရှိတဲ့ အမေရိကန် စွမ်းအင်ဌာနရဲ့ Cray XT5 “Jaguar” ဆိုတဲ့ ကွန်ပြူတာ ဖြစ်ပါတယ်။

Tianhe-1A ကွန်ပြူတာမှာ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Nvidia နဲ့ Intel တို့က ထုတ်လုပ်တဲ့ ကွန်ပြူတာချစ်ပ်တွေကို အသုံးပြု ထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လကမှ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ အလုံး ၅၀၀ စာရင်းထဲက ထက်ဝက်လောက်ဟာ အမေရိကန်မှာ ရှိနေပါတယ်။

XS
SM
MD
LG