သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Beijing စစ်ရေးပြအခမ်းအနား တက်ရောက်မည့်စာရင်း မြန်မာသမ္မတပါဝင်


ဘေဂျင်းမြို့တော်မှာ စက်တင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ အောင်ပွဲခံ စစ်ရေးပြအခမ်းအနားကို တက်ရောက်ကြမယ့် ဖိတ်ကြားထားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဧည့်သည်တော် စာရင်းကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

အရင်က လျှို့ဝှက်ထားတဲ့ ဧည့်သည်တော်စာရင်းမှာ ဖိတ်ကြားထားသူ အယောက် ၃၀ စာရင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ရုရှားသမ္မတ Valdimir Putin နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-Hye တောင်အာဖရိကသမ္မတ Jacob Zuma ဗင်နီဇွဲလားနိုင်ငံ သမ္မတ Nicolas Maduro နဲ့ ဗီယက်နမ် သမ္မတ Truong Tan Sang တို့လည်း ပါဝင်တယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Ming က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အဲဒီစာရင်းထဲမှာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe ကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။ ဘာဖြစ်လို့ Mr. Abe ကို ထည့်သွင်းမထားတာလဲလို့ မေးမြန်းတဲ့အခါမှာတော့ အဲဒီကာလဟာ Mr.Abe ရဲ့ လွှတ်တော် ကိစ္စတွေနဲ့ တိုက်ဆိုင်နေလို့ ဖြစ်ကြောင်းနဲ့ လက်ရှိ တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေမှုနဲ့ တိုက်ရိုက်မသက်ဆိုင်ကြောင်း Mr. Zhang က ထောက်ပြပြောဆိုခဲ့ပါတယ်။

တခြားမတက်ရောက်မယ့် ခေါင်းဆောင်တွေထဲမှာ Kim Jong Un လည်း ပါဝင်ပြီး သူ့ကိုယ်စား တခြားထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ Choe Ryong-hae တက်ရောက်မှာ ဖြစ်ပါတယ်။ ၁၉ နိုင်ငံအစိုးရကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ဖွဲ့တို့က ကိုယ်စားလှယ် တွေ တက်ရောက်ကြမှာ ဖြစ်ပြီး ဒီအထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှုချုပ် ဘန်ကီမွန်းလည်း ပါဝင် ပါတယ်။

တရုတ်နိုင်ငံအခြေစိုက် သက်ဆိုင်ရာ တိုင်းပြည်တွေက သံတမန်တွေလည်း အဲဒီအခမ်းအနားကို တက်ရောက် ကြပါလိမ့်မယ်။

XS
SM
MD
LG