သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်သမ္မတသစ် ကတိပြု


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူး တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ တွေ့ဆုံစကားပြောနေစဉ် (၁၉ မတ် ၂၀၁၃)
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူး တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ တွေ့ဆုံစကားပြောနေစဉ် (၁၉ မတ် ၂၀၁၃)
တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကြား မလွဲမရှောင်သာတဲ့ ကွဲပြားခြားနားမှုတွေ ရှိနေသည့် တိုင်အောင် တရုတ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့အတူ လက်တွဲ လုပ်ကိုင်ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီဂျင်းပင် (Xi Jinping) က ကတိပြု ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူး (Jack Lew) နဲ့ ဘေဂျင်းမြို့တော်မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ အင်္ဂါနေ့က တွေ့ဆုံ စဉ် မစ္စတာ ရှီ က အခုလို ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မစ္စတာ ရှီ သမ္မတဖြစ်လာပြီးနောက် ဒါဟာ ပထမဆုံး တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။

မစ္စတာ လျူး ကလည်း တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား ဆက်ဆံရေးဟာ အလွန်အရေးပါတဲ့အကြောင်း အလေးအနက် ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာကြီး ပုံမှန် တည်တည်ငြိမ်ငြိမ် အင်အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိစေဖို့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂ နိုင်ငံအနေနဲ့ တာဝန်ရှိတယ်လို့ မစ္စတာ လျူး က ပြောဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာမှာ ရှိနေတဲ့ အတားအဆီးတွေ ကို လျှော့ချပေးဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာ မှုကြောင့် နိုင်ငံရပ်ခြား ကုန်ပစ္စည်းတွေအတွက် ဈေးကွက်တခု ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက မျှော်မှန်းထားကြောင်း သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

မကြာသေးခင်အထိ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးကိစ္စ ပိုင်ဆိုင်မှု အခွင့်အရေးကိစ္စ တရုတ် ငွေကြေးတန်ဖိုး သတ်မှတ်မှု ဆိုင်ရာကိစ္စတွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။
XS
SM
MD
LG