သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲစတင်


မကြာမီ သမ္မတဖြစ်တော့မည့် ဒု-သမ္မတ Xi Jinping (လယ်)
မကြာမီ သမ္မတဖြစ်တော့မည့် ဒု-သမ္မတ Xi Jinping (လယ်)
ဒီကနေ့ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် Hu Jintao ဟာ ဥက္ကဋ္ဌ ရာထူးကနေ တရားဝင် အနားယူသွားပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ထိပ်သီး ခေါင်းဆောင်နေရာကိုတော့ ဒုသမ္မတ Xi Jinping က လွှဲပြောင်းယူဖို့ စီစဉ်ထားပါတယ်။

ဘေဂျင်းမြို့တော် ပြည်သူ့ခန်းမကြီးမှာ သီတင်းတပတ်ကြာ ကျင်းပတဲ့ ပါတီညီလာခံရဲ့ နောက်ဆုံးနေ့မှာ သမ္မတ Hu က ဆယ်နှစ်တကြိမ် ပြုလုပ်တဲ့ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှု အပြောင်းအလဲ စတင်ချိန်မှာ စည်းလုံး ညီညွတ်ကြဖို့ တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

မစ္စတာဟူရဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲရာထူးကို ဒုသမ္မတ Xi Jinping က ကြာသပတေးနေ့မှာ လက်ခံယူနိုင်ဖို့ မျှော်လင့်ရသလို သမ္မတရာထူးကိုလည်း မတ်လမှာ မစ္စတာ ရှီက လက်ခံယူဖို့ ရှိပါတယ်။ တရုတ်ဝန်ကြီးချုပ် Wen Jiabao နေရာမှာတော့ ဒုဝန်ကြီးချုပ် Li Keqiang ကို အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။

မစ္စတာ XI နဲ့ မစ္စတာ Li ဟာ တရုတ်နိုင်ငံရဲ့ သြဇာအာဏာအကြီးမားဆုံး အဆုံးအဖြတ် အပေးတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ ကွန်မြူနစ်ပါတီရဲ့ ပေါလစ် ဗျူရို နိုင်ငံ့ဦးဆောင်မှုအဖွဲ့က ထိပ်သီး ခေါင်းဆောင်နေရာ ရာထူးတွေကို ဆက်ခံကြဖို့ သေချာသလောက် ရှိနေပါပြီ။ ဒီ ပေါလစ်ဗျူရို နိုင်ငံဦးဆောင်မှုအဖွဲ့မှာ ဘယ်သူက ဘယ်ရာထူးရမယ်ဆိုတာကို ကြာသာပတေးနေ့မှာ ကျင်းပမယ့် အခမ်းအနားမှာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။
XS
SM
MD
LG