သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဒေါ်လာသန်း ၂ ထောင် တရုတ်လှူမည်


တရုတ်သမ္မတ Xi Jinping ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးညီလာခံမှာ စနေနေ့ကမိန့်ခွန်းပြောကြားစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၁၅)
တရုတ်သမ္မတ Xi Jinping ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးညီလာခံမှာ စနေနေ့ကမိန့်ခွန်းပြောကြားစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၁၅)

ဆင်းရဲတဲ့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖို့ ကမ္ဘာတဝှမ်းက အကူအညီပေးမယ့် ရန်ပုံငွေအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂ ထောင် လှူဒါန်းမယ်လို့ တရုတ်သမ္မတ ရှီကျင်းပင် (Xi Jinping) က ကတိပြုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ၂၀၃၀ ခုနှစ်အထိ ကမ္ဘာ့အထောက်အကူပြု ရန်ပုံငွေထဲကို စုစုပေါင်း ဒေါ်လာ ၁၂ ဘီလီယံ လှူဒါန်းသွားဖို့ ရည်ရွယ်ထားကြောင်းလည်း သမ္မတရှီကကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးညီလာခံမှာ စနေနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ကမ္ဘာတဝှမ်းက ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး တိုင်းပြည်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်သွားမယ့်အကြောင်းလည်း တရုတ်သမ္မတက ကတိပြုခဲ့ပြီး ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေနဲ့ ကျွန်းနိုင်ငံငယ်လေးတွေက အစိုးရတွေ တရုတ်နိုင်ငံကို ဒီနှစ်မှာဆပ်ရမယ့် အတိုးမဲ့ချေးငွေတွေကိုလည်း လျော်ပေးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG