သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဒုသမ္မတ အမေရိကန်ရောက်

တရုတ် ဒုတိယသမ္မတ Xi Jinping
တရုတ် ဒုတိယသမ္မတ Xi Jinping

တရုတ် ဒုသမ္မတ ရှီကျင်းပင် (Xi Jinping) ဟာ အမေရိကန် နိုင်ငံကို လေးရက်ကြာခရီး လာရောက်နေပါတယ်။ သူဟာ အမေရိကန် သမ္မတအိမ်ဖြူကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဒီနှစ်ကုန်လောက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ ဖြစ်လာမယ်လို့ မျှော်လင့်ရတဲ့ ရှီကျင်းပင်ဟာ တနင်္လာနေ့မှာ အဲချိုင်းနား (Air China) ဂျက်လေယာဉ်နဲ့ ဝါရှင်တန်မြို့ပြင်က လေယာဉ်ကွင်းကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူဟာ အင်္ဂါနေ့မှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စာက အာရှဒေသမှာ စစ်အင်အား တိုးမြှင့်နေတာအတွက် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံကို မလာခင်လေးမှာပဲ ဒုသမ္မတက သတိပေးခဲ့ပါတယ်။

အမေရိကန် နာမည်ကြီးသတင်းစာ တစောင်ဖြစ်တဲ့ ဝါရှင်တန်ပို့စ် (The Washington Post) ရဲ့ မေးမြန်းချက်ကို မစ္စတာရှီကျင်းပင်က ပြန်လည်ရေးသား ဖြေကြားရာမှာ အာရှနိုင်ငံတွေဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတောင့်တနေသူတွေမို့ အမေရိကန် ပြည်ထောင်စုက ဒေသတွင်း စစ်အင်အား တိုးမြှင့်ချထားတာနဲ့ ဒေသတွင်း စစ်ရေးမဟာမိတ် ခိုင်မာတိုးတက်အောင် လုပ်ဆောင်နေမှုတွေကို မလိုလားဘူးလို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမားကတော့ တခြားဒေသတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ စစ်အင်အားကို ရုတ်သိမ်းဖို့ ရှိသလို အာရှဒေသမှာတော့ မဏ္ဍိုင်ပြုထားမယ်ဆိုတဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG