သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှင်ကျန်းဒေသလုံခြုံရေးအကြီးအကဲကို တိဗက်ဒေသပါတီအကြီးအကဲခန့်အပ်


ရှင်ကျန်းပြည်နယ်၊ ဝှီဂါလူမျိုးနွယ်တွေဒေသက ကင်းစခန်းတခု။
ရှင်ကျန်းပြည်နယ်၊ ဝှီဂါလူမျိုးနွယ်တွေဒေသက ကင်းစခန်းတခု။

{{Zawgyi/Unicode}}

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူထားတာကို ခံနေရတဲ့သူကို တိဘက်ရဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲအသစ်အဖြစ် တရုတ်က ခန့်အပ်လိုက် ပါတယ်။

တရုတ်ပြည်နယ် အနောက်မြောက်ပိုင်း၊ ရှင်ကျန်းပြည်နယ်က မူဆလင် ဝှီဂါလူနည်းစု တိုင်းရင်းသားတွေအပေါ် နှိမ်နင်းခဲ့ရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြတာကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ကနေဒါတို့က တရုတ်ကွန်မြူနစ်ပါတီတာဝန်ရှိသူ တော်တော်များများ ကို ပိတ်ဆို့ အရေးယူထားကြပါတယ်။ ဝမ် ဂျွန်ဇင် (Wang Junzheng) ဟာ အဲဒီလို အရေးယူခံထားရတဲ့သူတွေထဲက တယောက်ပါ။ အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ဝမ်ဟာ ရှင်ကျန်းပြည်နယ် က ကွန်မြူနစ်ပါတီရဲ့ ဒုတိယ အတွင်းရေးမှူးဖြစ်သလို လုံခြုံရေးတာဝန်ခံလည်း ဖြစ်ပါတယ်။

ဝှီဂါလူမျိုးတသန်းလောက်ဟာ စခန်းသွင်းခံထားရဆဲ ရှိနေတယ်လို့ လူ့အခွင့်အရေး ဆော်သြစည်းရုံးသူတွေက ဆိုကြပါတယ်။စခန်းသွင်းထားစဉ်အတွင်း ညှင်းပန်းနှိပ်စက်တာ၊ သင်းကွပ် တာနဲ့ အဓမ္မလုပ်အားပေး စေခိုင်းတာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။

အစ္စလာမ် အစွန်းရောက်တွေကို ဖယ်ရှားဖို့ ရှင်ကျန်းပြည်နယ်မှာ သူ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ တရုတ်အစိုးရကတော့ ပြောပါတယ်။

၁၉၅၀ ကတည်းကစပြီး “ငြိမ်းချမ်းစွာ လွတ်မြောက်ရေး” လို့ ခေါ်တဲ့ အစီအစဉ်အောက်မှာ တရုတ်လက်နက်ကိုင် တပ်ဖွဲ့တွေက ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ တိဘက်ဒေသကို ဝင်ရောက် ထိန်းချုပ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


=======

{{Unicode}}







#ChinaTibet #Wang Junzheng #VOABurmese


=======

XS
SM
MD
LG