သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွမ်ငွေကို နိုင်ငံတကာ အရံငွေကြေး စာရင်းထဲ ထည့်သွင်း


တရုတ်ယွမ်ငွေ နိုင်ငံတကာအရံငွေကြေးစာရင်းထဲ ထည့်။
(world currencies including Chinese Yuan, US Dollar, Euro, British Pound)
တရုတ်ယွမ်ငွေ နိုင်ငံတကာအရံငွေကြေးစာရင်းထဲ ထည့်။ (world currencies including Chinese Yuan, US Dollar, Euro, British Pound)

တရုတ်နိုင်ငံသုံး ယွမ်ငွေကို အောက်တိုဘာလ တရက် စနေနေ့ကစပြီး ကမ္ဘာသုံး အရံငွေကြေးအဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ဂျပန်ယန်းငွေနဲ့ ဗြိတိန်က ပေါင်စတာလင် တို့နဲ့အတူ နိုင်ငံတကာ အရံငွေကြေးစံနစ်ထဲမှာ တရားဝင် ထည့်သွင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့က သုံးနေတဲ့ ငွေကြေးဈေးကွက်ထဲမှာ renminbi လို့လည်း သိကြတဲ့ ယွမ်ငွေကိုပါ ထည့်သွင်း မှာ ဖြစ်ပါတယ်။ IMF က စီးပွါးရေးပြဿနာတွေကို ကူညီ ကိုင်တွယ် ဖြေရှင်းရာမှာ အရံငွေအဖြစ် သတ်မှတ်တဲ့ ငွေကြေးတွေထဲ ယွမ်ငွေကိုပါ ထည့်သွင်းမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွါးရေးနယ်ပယ်မှာ ကြီးထွားတိုးတက်မှု ရှိလာနေတဲ့ တရုတ်နိုင်ငံက SDR (Special Drawing Right) ခေါ် IMF ကဖန်တီးထားတဲ့ နိုင်ငံတကာ အရံငွေကြေးသုံးစွဲမှု မှာ သူ့နိုင်ငံသုံး ငွေကို ထည့်သွင်းနိုင်ဖို့ ကျိုးစားနေတာ ဖြစ်ပြီး ဒီလိုထည့်သွင်းဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့တာကလည်း တနှစ်လောက် ရှိနေပြီဖြစ်ပါတယ်။

အရံငွေကြေး အဖြစ်သုံးစွဲတဲ့ငွေတွေဟာ လွှဲပြောင်းရာမှာ လွတ်လွတ်လပ်လပ် လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်အစိုးရက သူ့ ငွေကြေးလဲလှယ်မှု တန်ဖိုးကို ကိုင်တွယ်နိုင်ဖို့ ငွေကြေးဈေးကွက်မှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုပ်တယ်ဆိုတဲ့ သံသယ အရှိခံနေရတယ်လို့ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်ကို ငွေကြေး စာစောင်တွေကို ကိုးကား ဖေါ်ပြ ကြပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew ကတော့ မကြာခင် နှစ်တွေ အတွင်း တရုတ်နိုင်ငံက သူ့ရဲ့ ငွေကြေး ရောင်းဝယ်မှုပုံစံကို အကြီးအကျယ် ပြောင်းလဲ ပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် စီးပွါးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကတော့ အခုထိ ခရီးမရောက် သေးဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ အရံငွေကြေးဈေးကွက်မှာ တရုတ်ယွမ်ငွေကို ၁၁ ရာခိုင်နှုံးလောက် သုံးလာကြမှာဖြစ်ပြီး အမေရိကန် ဒေါ်လာကတော့ ၄၂ % လောက် ရှိနေတာပါ။

တရုတ်ယွမ်ငွေကို နိုင်ငံတကာ အရံငွေကြေး စာရင်းထဲ ထည့်သွင်း
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG