သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္တြင္း ကိုဗစ္ကန႔္သတ္မႈမ်ားတိုးျမႇင့္


တ႐ုတ္ႏိုင္ငံ၊ Zhejiang ျပည္နယ္အတြင္း ေန႔စဥ္သြားလာလႈပ္ရွားမႈျမင္ကြင္း။ (ဧၿပီ ၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံအတြင္း စီးပြားေရးအရ အေရးပါတဲ့ Zhejiang ျပည္နယ္အတြင္း ကိုဗစ္-၁၉ ကူးစက္မႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ခ႐ိုင္တခ်ဳိ႕က စီးပြားေရးလုပ္ငန္းေတြ အဂၤါေန႔မွာ ပိတ္ပစ္လိုက္ၿပီး သိန္းနဲ႔ခ်ီတဲ့ျပည္သူေတြလည္း Quarantine နဲ႔ တျခား ကန္႔သတ္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ျပည္တြင္း ကိုဗစ္-၁၉ ကူးစက္သူ စုစုေပါင္း ၅၁ ဦးရွိခဲ့တဲ့အထဲ စက္မႈလုပ္ငန္းႀကီးေတြတည္ရွိၿပီး ျပည္ပကို ကုန္ပစၥည္းေတြ တင္ပို႔တဲ့ အဓိကေနရာတခုျဖစ္တဲ့ ႏိ္ုင္ငံအေရွ႕ပိုင္းက Zhejiang ျပည္နယ္မွာ အဂၤါေန႔မွာ ကိုဗစ္ကူးစက္သူ ၄၄ ဦးကို စမ္းသပ္ ေတြ႔ရွိခဲ့တာပါ။

တျခား စီးပြားေရးအင္အားႀကီးတဲ့ ႏိုင္ငံေတြနဲ႔ႏႈိင္းယွဥ္လိုက္ရင္ တ႐ုတ္ႏိုင္ငံမွာ အခု ေတြ႔ရွိတဲ့ပမာဏဟာ မေျပာပေလာက္ေပမယ့္ ေရွ႕ႏွစ္ ေဖေဖာ္ဝါရီလမွာ ေဆာင္းရာသီအိုလံပစ္ အားကစားၿပိဳင္ပြဲေတြ က်င္းပဖို႔ ျပင္ဆင္ေနတာေၾကာင့္ အာဏာပိုင္ေတြက Zhejiang မွာ လူေတြ အမ်ားအျပား စစ္ေဆးႏိုင္တဲ့ေနရာေတြ ဖြင့္လွစ္ၿပီး မလိုအပ္ဘဲ ေနအိမ္အျပင္မထြက္ရအမိန္႔ ထုတ္ျပန္ထားပါတယ္။

အနည္းဆုံး လူေပါင္း ၇၀,၀၀၀ ေလာက္ကို သီးျခားခြဲထုတ္ထားၿပီး က်န္တဲ့ ၄ သိန္းခြဲေက်ာ္ကိုလည္း ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ အဲဒီ ကန္႔သတ္မႈေတြထဲ က်န္းမာေရးအရ အနီးကပ္ေစာင့္ၾကည့္တာ၊ အမ်ားျပည္သူသုံး ပို႔ေဆာင္ေရးစံနစ္ေတြ သုံးခြင့္မျပဳတာနဲ႔ ကိုယ္ေနတဲ့ ၿမိဳ႕နယ္၊ ခ႐ိုင္အတြင္းက တျခားေဒသကို သြားလာခြင့္မျပဳတာေတြ ပါ၀င္ပါတယ္။

တိုင္းျပည္အေရွ႕ပိုင္း Tianjin ဆိပ္ကမ္းၿမိဳ႕မွာ ကူးစက္ျမန္ ကိုဗစ္-၁၉ မ်ဳိးကြဲသစ္ Omicron ကူးစက္ေနသူ ေတြ႔ရွိခဲ့ေၾကာင္း တ႐ုတ္ သတင္းမီဒီယာေတြမွာ တနလၤာေန႔က ေဖာ္ၾကၿပီးေနာက္ ဒီကေန႔မွာ အခုလို ပိတ္ပင္ ကန္႔သတ္မႈေတြ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

အရင္ရက္ေတြကလည္း တျခားေဒသေတြမွာ ကိုဗစ္ကူးစက္မႈေတြရွိတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ပင္ ကန္႔သတ္တာေတြ လုပ္ေဆာင္ခဲ့ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တရုတ်နိုင်ငံ Zhejiang ပြည်နယ်တွင်း ကိုဗစ်ကန့်သတ်မှုများတိုးမြှင့်

တရုတ်နိုင်ငံအတွင်း စီးပွားရေးအရ အရေးပါတဲ့ Zhejiang ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ခရိုင်တချို့က စီးပွားရေးလုပ်ငန်းတွေ အင်္ဂါနေ့မှာ ပိတ်ပစ်လိုက်ပြီး သိန်းနဲ့ချီတဲ့ပြည်သူတွေလည်း Quarantine နဲ့ တခြား ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ၅၁ ဦးရှိခဲ့တဲ့အထဲ စက်မှုလုပ်ငန်းကြီးတွေတည်ရှိပြီး ပြည်ပကို ကုန်ပစ္စည်းတွေ တင်ပို့တဲ့ အဓိကနေရာတခုဖြစ်တဲ့ နိုင်ငံအရှေ့ပိုင်းက Zhejiang ပြည်နယ်မှာ အင်္ဂါနေ့မှာ ကိုဗစ်ကူးစက်သူ ၄၄ ဦးကို စမ်းသပ် တွေ့ရှိခဲ့တာပါ။

တခြား စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံတွေနဲ့နှိုင်းယှဉ်လိုက်ရင် တရုတ်နိုင်ငံမှာ အခု တွေ့ရှိတဲ့ပမာဏဟာ မပြောပလောက်ပေမယ့် ရှေ့နှစ် ဖေဖော်ဝါရီလမှာ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အာဏာပိုင်တွေက Zhejiang မှာ လူတွေ အများအပြား စစ်ဆေးနိုင်တဲ့နေရာတွေ ဖွင့်လှစ်ပြီး မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အနည်းဆုံး လူပေါင်း ၇၀,၀၀၀ လောက်ကို သီးခြားခွဲထုတ်ထားပြီး ကျန်တဲ့ ၄ သိန်းခွဲကျော်ကိုလည်း ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီ ကန့်သတ်မှုတွေထဲ ကျန်းမာရေးအရ အနီးကပ်စောင့်ကြည့်တာ၊ အများပြည်သူသုံး ပို့ဆောင်ရေးစံနစ်တွေ သုံးခွင့်မပြုတာနဲ့ ကိုယ်နေတဲ့ မြို့နယ်၊ ခရိုင်အတွင်းက တခြားဒေသကို သွားလာခွင့်မပြုတာတွေ ပါဝင်ပါတယ်။

တိုင်းပြည်အရှေ့ပိုင်း Tianjin ဆိပ်ကမ်းမြို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron ကူးစက်နေသူ တွေ့ရှိခဲ့ကြောင်း တရုတ် သတင်းမီဒီယာတွေမှာ တနင်္လာနေ့က ဖော်ကြပြီးနောက် ဒီကနေ့မှာ အခုလို ပိတ်ပင် ကန့်သတ်မှုတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အရင်ရက်တွေကလည်း တခြားဒေသတွေမှာ ကိုဗစ်ကူးစက်မှုတွေရှိတာကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင် ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

#Covid19 #ChinaCovid #VOABurmese

#တရုတ်ကိုဗစ်အိုမီခရွန် #ဆောင်းရာသီအိုလံပစ် #OmicronTianjin #Zhejiang

===============

XS
SM
MD
LG