သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးသွားတွေ အမေရိကန်လာရင် ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားပြရမည်


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ နိုင်ငံတကာလေဆိပ်မြင်ကွင်း။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၂)  
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ နိုင်ငံတကာလေဆိပ်မြင်ကွင်း။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၂)  

[[Zawgyi/Unicode]]

တရုတ်နိုင်ငံမှာ ကိုဗစ် 19 ရောဂါဖြစ်ပွားမှုတွေတိုးလာနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုကို တရုတ်နိုင်ငံက လေကြောင်းနဲ့ ရောက်လာသူတွေအားလုံးနီးပါး ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး ကိုဗစ် ရောဂါကင်းစင်ကြောင်း သက်သေအထောက်အထား ပြရမယ်လို့ အမေရိကန်ဗဟိုအစိုးရ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အသက် ၂ နှစ်အောက် ကလေးငယ်တွေသာ ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားပြစရာမလိုဘဲ ဝင်ရောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက လာရောက်တဲ့ခရီးသည်တွေအပေါ် နောက်ထပ် စစ်ဆေးတာတွေလုပ်မယ့်အကြောင်း အိန္ဒိယ၊ အီတလီ၊ ဂျပန်နဲ့ ထိုင်ဝမ်က ကြေညာအပြီး အမေရိကန်ပြည်ထောင်စုကလည်း အလားတူ စည်းကမ်းသတ်မှတ်လိုက်တာပါ။

တရုတ်၊ ဟောင်ကောင်နဲ့ Macau က လာတဲ့ ခရီးသည်တွေ၊ တခြား နေရာတွေကို ဆက်သွားမယ့်သူတွေ အပါအဝင် အားလုံးအပေါ် အမေရိကန်ပြည်ထောင်စုက စည်းကမ်းသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေထပ်ဖြစ်နေချိန်မှာ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဦးဆောင်ဦးရွက် ရှေ့တိုးလုပ်ဆောင်တာဖြစ်တဲ့အကြောင်း အမေရိကန်ကျန်းမာရေးအရာရှိ တဦးက ပြောပါတယ်။ ကိုဗစ် 19 ရောဂါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က အချက်အလက်တွေ ထုတ်ပြန်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းတယ်ဆိုပြီးတော့လည်း အဲဒီအရာရှိက ဝေဖန်ပါတယ်။

ဩစတြေးလျနိုင်ငံကတော့ တရုတ်နိုင်ငံက ခရီးသွားတွေနဲ့ပတ်သက်လို့ မူဝါဒတစုံတရာ ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်း ဩစတြေးလျဝန်ကြီးချုပ်က ဒီကနေ့ ပြောပါတယ်။ အီတလီနိုင်ငံကလည်း တရုတ်နိုင်ငံက ရောက်လာတဲ့ ခရီးသွားတွေ အားလုံးကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးဖို့ စည်းကမ်းသတ်မှတ်ထားပြီး ဗြိတိန်နဲ့ အီးယူအဖွဲ့ကလည်း အလားတူ သတ်မှတ်ဖို့ စဉ်းစားနေပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]







XS
SM
MD
LG