သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ရဲ႕လႈပ္ရွားမႈေတြ ေစာင့္ၾကည့္မယ့္ဌာနသစ္ ကန္ ႏိုင္ငံျခားေရးဌာန ဖြဲ႕စည္း


U.S. Department of State


[[Zawgyi/Unicode]]

တ႐ုတ္နဲ႔ အေမရိကန္ၾကား ဆက္ဆံေရးတင္းမာေနခ်ိန္မွာပဲ ကမာၻတဝွမ္း တ႐ုတ္ရဲ႕ လႈပ္ရွားမႈေတြကို ပိုၿပီး စုံစမ္းႏိုင္ေအာင္ China House လို႔ ေခၚတဲ့ ဌာနအသစ္ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဖြဲ႕စည္းလိုက္ပါတယ္။

တ႐ုတ္ဟာ ႏိုင္ငံတကာလက္ခံထားတဲ့ စည္းမ်ဥ္းစည္းကမ္း အေျခခံစနစ္ကို အစိုးရိမ္ရဆုံး ေရရွည္ ၿခိမ္းေျခာက္ေနတယ္လို႔ ၿပီးခဲ့တဲ့လက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ေျပာခဲ့ပါတယ္။ အေမရိကန္ရဲ႕စိုးရိမ္မႈကို အခု China House ဌာနသစ္ တည္ေထာင္လိုက္တာက ထင္ဟပ္ေနပါတယ္။ ဒီဌာနနဲ႔ပတ္သက္လို႔ အေသးစိတ္ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ ပုဂၢိလ္က ေျပာဆိုဖို႔ ျငင္းဆိုပါတယ္။

အာရွ၊ လက္တင္အေမရိက အစရွိတဲ့ ေဒသေတြ၊ တိုင္းျပည္ေတြနဲ႔ ပတ္သက္တဲ့ အေရးကိစၥ၊ မူဝါဒေတြကို အေကာင္အထည္ေဖၚႏိုင္ေအာင္ ဆက္စပ္လုပ္ကိုင္ႏိုင္ဖို႔ ဌာနအတြင္းက အဖြဲ႕တခုပဲျဖစ္တယ္လို႔ ေျပာဆိုသြားပါတယ္။

ဒီအေတာအတြင္း အေမရိကန္ျပည္ေထာင္စုမွာ ေထာက္လွမ္းေရးအသိုက္အဝိုင္းက တ႐ုတ္ ႏိုင္ငံနဲ႔ပတ္သက္လို႔ ပိုၿပီး စုံစမ္း စစ္ေဆးလာေနတဲ့အတြက္ တ႐ုတ္ အေမရိကန္ေတြရဲ႕ ဖုံးေျပာဆိုခ်က္ေတြနဲ႔ အီးေမးေတြကို ပိုၿပီး အာ႐ုံစိုက္ စုေဆာင္းလာႏိုင္ေၾကာင္း၊ ဒါေၾကာင့္ ျပည္သူေတြရဲ႕ အခြင့္အေရးကို ခ်ိဳးေဖါက္လာမွာ စိုးရိမ္ေၾကာင္း အာရွ အေမရိကန္ အက်ိဳးေဆာင္အဖြဲ႕ေတြက ေျပာဆိုပါတယ္။

အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး ၫႊန္ၾကားေရးမႉး႐ုံး ODNI ကေတာ့ လူမ်ိဳး ခြဲျခားဆက္ဆံမႈေတြ ပေပ်ာက္ေရး သင္တန္းေတြ တိုးေပးဖို႔နဲ႔ ဘာလူမ်ိဳးဆိုၿပီး ပစ္မွတ္ထား ခြဲျခားဆက္ဆံတာကို တားျမစ္ေပးထားတဲ့ ဖက္ဒရယ္ ဥပေဒေတြကို မခ်ိဳးေဖါက္ႏိုင္ေအာင္ ၾကပ္မတ္ဖို႔ အစီရင္ခံစာသစ္တခုမွာ အဆိုျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

တရုတ်ရဲ့လှုပ်ရှားမှုတွေ စောင့်ကြည့်မယ့်ဌာနသစ် ကန် နိုင်ငံခြားရေးဌာန ဖွဲ့စည်း

တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးတင်းမာနေချိန်မှာပဲ ကမ္ဘာတဝှမ်း တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး စုံစမ်းနိုင်အောင် China House လို့ ခေါ်တဲ့ ဌာနအသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်ပါတယ်။

တရုတ်ဟာ နိုင်ငံတကာလက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်း အခြေခံစနစ်ကို အစိုးရိမ်ရဆုံး ရေရှည် ခြိမ်းခြောက်နေတယ်လို့ ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့စိုးရိမ်မှုကို အခု China House ဌာနသစ် တည်ထောင်လိုက်တာက ထင်ဟပ်နေပါတယ်။ ဒီဌာနနဲ့ပတ်သက်လို့ အသေးစိတ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိလ်က ပြောဆိုဖို့ ငြင်းဆိုပါတယ်။

အာရှ၊ လက်တင်အမေရိက အစရှိတဲ့ ဒေသတွေ၊ တိုင်းပြည်တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စ၊ မူဝါဒတွေကို အကောင်အထည်ဖေါ်နိုင်အောင် ဆက်စပ်လုပ်ကိုင်နိုင်ဖို့ ဌာနအတွင်းက အဖွဲ့တခုပဲဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုမှာ ထောက်လှမ်းရေးအသိုက်အဝိုင်းက တရုတ် နိုင်ငံနဲ့ပတ်သက်လို့ ပိုပြီး စုံစမ်း စစ်ဆေးလာနေတဲ့အတွက် တရုတ် အမေရိကန်တွေရဲ့ ဖုံးပြောဆိုချက်တွေနဲ့ အီးမေးတွေကို ပိုပြီး အာရုံစိုက် စုဆောင်းလာနိုင်ကြောင်း၊ ဒါကြောင့် ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖေါက်လာမှာ စိုးရိမ်ကြောင်း အာရှ အမေရိကန် အကျိုးဆောင်အဖွဲ့တွေက ပြောဆိုပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူးရုံး ODNI ကတော့ လူမျိုး ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေး သင်တန်းတွေ တိုးပေးဖို့နဲ့ ဘာလူမျိုးဆိုပြီး ပစ်မှတ်ထား ခွဲခြားဆက်ဆံတာကို တားမြစ်ပေးထားတဲ့ ဖက်ဒရယ် ဥပဒေတွေကို မချိုးဖေါက်နိုင်အောင် ကြပ်မတ်ဖို့ အစီရင်ခံစာသစ်တခုမှာ အဆိုပြုထားပါတယ်။

==============

XS
SM
MD
LG