သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ျမန္မာနယ္စပ္ က်င္စန္းေက်ာ့ဂိတ္ျပန္ဖြင့္ 


တရုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

တ႐ုတ္ ျမန္မာနယ္စပ္မွာ လနဲ႔ခ်ီပိတ္ထားတဲ့ နယ္စပ္ဂိတ္ေတြထဲက ဂိတ္ ၁ ခုကို ဒီေန႔ ႏိုဝင္ဘာ ၂၂ ရက္မွာ ျပန္ဖြင့္ေပးလိုက္ပါတယ္။ မူဆယ္ ၁၀၅ မိုင္နားမွာရွိတဲ့ က်င္စန္းေက်ာ့ နယ္စပ္ စစ္ေဆးေရးဂိတ္ကို ျပန္ဖြင့္လိုက္တဲ့အတြက္ တ႐ုတ္ ျမန္မာ ႏွစ္ဘက္လုံးက ကုန္ေတြ အျပန္အလွန္ ျပန္လည္ တင္ပို႔ေနၾကပါတယ္။ ဒါေပမဲ့ ကုန္တင္ပို႔တာနဲ႔ပတ္သက္လို႔ တ႐ုတ္ဘက္က စည္းကမ္း ကန႔္သတ္ခ်က္အသစ္ လုပ္လိုက္တဲ့အတြက္ ျမန္မာဘက္က အခက္အခဲေတြျဖစ္လာမွာကို လုပ္ငန္းရွင္ေတြ စိုးရိမ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာနဲ႔နယ္စပ္ဂိတ္အားလုံးကို တ႐ုတ္ဘက္က ၆ လ ၾကာ ပိတ္ထားရာက ႏိုဝင္ဘာလ ၂၂ ရက္ ေန႔လည္ ၁ နာရီကစၿပီး မူဆယ္ကုန္သြယ္ေရးဇုန္မွာရွိတဲ့ က်င္စန္းေက်ာ့ဂိတ္ကို ျပန္ဖြင့္ေပးလိုက္ၿပီလို႔ တ႐ုတ္ဘက္က ေၾကညာခဲ့ပါတယ္။ ဒီကုန္သြယ္ခြင့္ကို ႏိုဝင္ဘာလ ၂၅ ရက္အထိ စမ္းသပ္ကာလအျဖစ္ သတ္မွတ္ထားၿပီး အားနည္းခ်က္၊ အားသာခ်က္ေတြကို ခ်ိန္ဆၿပီးမွ ဆက္လက္ ဖြင့္လွစ္သြားမယ္လို႔ တ႐ုတ္ဘက္က ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ ဒီလို ေၾကညာခဲ့ၿပီးေနာက္မွာ ၂ ဘက္လုံးက ကုန္ေတြကို အျပန္အလွန္ ျပန္လည္တင္ပို႔ခဲ့ပါတယ္။ ကုန္မ်ိဳးစုံတင္ထားတဲ့ ကုန္ေသတၱာ ( ကြန္တိန္နာ) ႏွစ္လုံးကို တ႐ုတ္က ျမန္မာဘက္ကိုပို႔ခဲ့ၿပီး ျမန္မာဘက္ကလည္း ကုန္ေသတၱာႏွစ္လုံး တ႐ုတ္ဘက္ကို ျပန္ပို႔ခဲ့ေၾကာင္း ကုန္သည္ေတြက ေျပာပါတယ္။

ႏွစ္ႏိုင္ငံကုန္သြယ္ေရးမွာ သေဘာတူညီထားတဲ့ ကုန္အမ်ိဳးအစားေတြအတိုင္း ကုန္သြယ္ခြင့္ ျပန္ရမွာျဖစ္ေပမဲ့ ပို႔ကုန္ေတြကို ကုန္ေသတၱာ ( ကြန္တိန္နာ) ထဲ ထည့္ၿပီးမွ ကုန္သြယ္ရမယ္ဆိုတဲ့ ကန႔္သတ္ခ်က္ကို တ႐ုတ္ဘက္က အသစ္ထည့္သြင္းလိုက္တဲ့ ခုလို ကြန္တိန္နာေတြနဲ႔ ကုန္ေတြပို႔ၾကတာျဖစ္ပါတယ္။ ဒီကန႔္သတ္ ခ်က္ေၾကာင့္ ျမန္မာကုန္သည္အမ်ားစုကေတာ့ အခက္ေတြ႕ေနၾကပါတယ္။ ျမန္မာကုန္သည္ေတြကို ကြန္တိန္နာငွားရမ္းႏိုင္ဖို႔မူဆယ္က လုပ္ငန္းရွင္တခ်ိဳ႕က ျပင္ဆင္ထားေၾကာင္း မူဆယ္ ဆန္ကုန္သည္အသင္းရဲ႕ ဒုဥကၠ႒ ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဗမာျပည္ကလာတဲ့ ကုန္ပစၥည္းေတြကို ကုမၸဏီေတြက ဖြင့္လွစ္ထားတဲ့ ကြန္တိန္နာ ေဘာက္စ္ေတြထဲ ေျပာင္းလဲၿပီးကာမွ အဲဒီ ကြန္တိန္နာေတြနဲ႔ တ႐ုတ္ျပည္ထဲကို ပို႔ေပးမယ္။ ဒီလိုပဲ တ႐ုတ္ျပည္ထဲမွာရွိတဲ့ ကုန္ပစၥည္း မ်ိဳးစုံကိုလည္း တ႐ုတ္ကားေတြနဲ႔ ဗမာျပည္လာလို႔ရေအာင္ ကြန္တိန္နာေဘာက္စ္ထဲကို ထည့္မယ္။ ထည့္ၿပီးကာမွ ဗမာျပည္ကိုလာမယ္။ ပို႔ေဆာင္မႈပုံစံက ေျပာင္းသြားတယ္ အရင္လိုေတာ့ မဟုတ္ေတာ့ဘူး။ ကြန္တိန္နာကားေတြနဲ႔ပဲ ဝင္ထြက္ခြင့္ ျပဳေတာ့မယ္။”

ကိုဗစ္ကပ္ေရာဂါေၾကာင့္ဆိုၿပီး တ႐ုတ္ဘက္က နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကို ဇြန္လထဲကစလို႔ ပိတ္ခဲ့တာပါ။ အခုလည္း ဂိတ္တခုကို အစမ္း ျပန္ဖြင့္ေပးေပမဲ့ နယ္စပ္ဂိတ္ေတြမွာ ကုန္ေတြကို ကြန္တိန္နာထဲထည့္ၿပီး ပို႔ေဆာင္ရမယ္လို႔ သတ္မွတ္လိုက္တဲ့အတြက္ စရိတ္စကေတြ ပိုႀကီးသြားမွာကို ကုန္သည္ေတြစိုးရိမ္ေနၾကပါတယ္။ ဒီလို ကြန္တိန္နာနဲ႔ပို႔ဖို႔ တ႐ုတ္- ျမန္မာႏွစ္ႏိုင္ငံ နယ္စပ္ကုန္သည္ေတြ မၾကာခဏလုပ္တဲ့ အစည္းအေဝးတခ်ိဳ႕မွာ ထည့္သြင္းေဆြးေႏြးခဲ့ၾကၿပီး သေဘာတူမႈ မရခဲ့ေပမဲ့ ဒီေန႔ နယ္စပ္ဖြင့္တဲ့ ေၾကညာခ်က္မွာ တ႐ုတ္ဘက္က ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

ျမန္မာကုန္သည္ေတြက အမိုးပြင့္ကုန္တင္ကားေတြနဲ႔ပဲ ကုန္ေတြကို သယ္ယူေနၾကတာပါ။ အခုေတာ့ ကြန္တိန္နာနဲ႔ ေျပာင္းသယ္ရမယ္ဆိုတဲ့အတြက္အခက္အခဲရွိႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ အေဝးေျပးကုန္တင္ယာဥ္ေမာင္းမ်ားအဖြဲ႕ရဲ႕ တာဝန္ခံ စိုင္းဘုန္းျမင့္က ဗြီအိုေအကို ေျပာပါတယ္။ အဓိက အခက္အခဲကေတာ့ ျမန္မာကုန္ ကားေတြရဲ႕ ေနာက္ပိုင္းကိုယ္ထည္ဟာ ကြန္တိန္နာပုံးတင္ဖို႔ အဆင္မေျပႏိုင္ေၾကာင္း၊ ကားကိုယ္ထည္မွာ အေျပာင္းအလဲေတြ ထပ္လုပ္ရမွာျဖစ္ေၾကာင္း သူကေျပာပါတယ္။

“ကြန္တိန္နာတင္မယ္ဆို အ႐ိုးတြဲ ( ေနာက္ကိုယ္ထည္မပါ) အဲဒါနဲ႔မွအဆင္ေျပမွာ။ နည္းနည္းေတာ့ အလုပ္ရႈပ္သြားမွာေပါ့။ အဲလို သူတို႔က ကြန္တိန္နာပဲ လက္ခံမယ္ ဆိုရင္ ခ်ိန္းရမွာ။ ကြန္တိန္နာ တင္လိုက္ၿပီဆိုရင္လည္း တန္ခ်ိန္ေတြက ပိုလာေရာ။ ကြန္တိန္နာတလုံးကို ၄ တန္ရွိတယ္။ ၄ တန္ရွိတယ္ဆိုေတာ့ ျခင္းတြဲ ( ႐ိုး႐ိုးကုန္ကား) ကို ျဖတ္ၿပီးေတာ့ သယ္မယ္ဆိုရင္ ဝိတ္ကမ်ားလာတယ္။”

တ႐ုတ္ဘက္ကေတာ့ နယ္စပ္ဂိတ္ပိတ္တာေတြ၊ အခုလိုစည္ကမ္းခ်က္ေတြ ေျပာင္းလဲတာေတြဟာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ဖို႔အတြက္ျဖစ္တယ္လို႔ အၿမဲေျပာေနတာပါ။

“...ဆိုေတာ့ အလုပ္သမား ၁၀ ေယာက္ ၁၅ ေယာက္ေလာက္နဲ႔ ေခါက္တုံ႔ေခါက္ျပန္ ကားဖင္တင္ၿပီး ( နယ္စပ္မွာ) ခ်ိန္းရတဲ့အလုပ္ကို သူကမလုပ္ေတာ့ဘူး။ ကြန္တိန္နာ အလုံးလိုက္ မ,သြား၊ အလုံးလိုက္ခ်ိန္းသြားမွာ။ အဲလိုပဲလုပ္ေတာ့မွာေလ။ ခ်မွတ္တဲ့နည္းစနစ္အတိုင္း ေျပာင္းႏိုင္ရင္ေျပာင္း မေျပာင္းႏိုင္ရင္လည္း ဘယ္လိုလာမလဲေပါ့။ ျပန္တခ်က္ ေစာင့္ၾကည့္ရေတာ့မွာေလ၊ ပိတ္ထားတာလည္း ၾကာၿပီဆိုေတာ့။ အခုမွ ႐ုတ္တရက္ႀကီး၊ ဖြင့္တာေတာင္မွ စမ္းသပ္ၿပီးဖြင့္မယ္ဆိုေတာ့ ေစာင့္ၾကည့္ရမယ့္အေနအထား ျဖစ္သြားတာေပါ့။”

ျမန္မာျပည္မွာ ကိုဗစ္တတိယလႈိင္း အရွိန္ရလာတဲ့ ဇူလိုင္လ ၁၀ ရက္ကစလို႔ တ႐ုတ္ ယူနန္အစိုးရက ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရး အားလုံးကို ျဖတ္ေတာက္ ထားတာပါ။ ႏွစ္ဘက္ အျပန္အလွန္ကုန္သြယ္ေရး မရွိေတာ့ေပမဲ့ အေရးေပၚလိုအပ္ႏိုင္တဲ့ ေဆးဝါးကိုေတာ့ ႏွစ္ႏိုင္ငံညႇိႏႈိင္းၿပီး မူဆယ္ၿမိဳ႕ က်င္စန္းေက်ာ့ဂိတ္ကေန ႁခြင္းခ်က္နဲ႔ တင္သြင္းခြင့္ေပးထားပါတယ္။ တ႐ုတ္- ျမန္မာကုန္သြယ္ေရးဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ဧၿပီလထဲက စလို႔ က်ဆင္းသြားေၾကာင္းလည္း ကုန္သည္ေတြက ေျပာပါတယ္။ ႏွစ္ႏိုင္ငံကုန္သြယ္ေရးကို တ႐ုတ္ႏိုင္ငံဘက္အျခမ္း နယ္စပ္ဂိတ္ေတြမွာေတာ့ ကိုဗစ္စစ္ေဆးေရးဂိတ္ေတြ၊ အေဆာက္အဦး တိုးခ်ဲ႕တာေတြ စတဲ့ျပင္ဆင္မႈေတြေတာ့ အဆက္မျပတ္လုပ္ေနေၾကာင္း တ႐ုတ္နယ္စပ္မွာရွိတဲ့ ကုန္သည္ေတြက ေျပာပါတယ္။


===========

{{Unicode}}

တရုတ်မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ပြန်ဖွင့်

တရုတ် မြန်မာနယ်စပ်မှာ လနဲ့ချီပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေထဲက ဂိတ် ၁ ခုကို ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။ မူဆယ် ၁၀၅ မိုင်နားမှာရှိတဲ့ ကျင်စန်းကျော့ နယ်စပ် စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်လိုက်တဲ့အတွက် တရုတ် မြန်မာ နှစ်ဘက်လုံးက ကုန်တွေ အပြန်အလှန် ပြန်လည် တင်ပို့နေကြပါတယ်။ ဒါပေမဲ့ ကုန်တင်ပို့တာနဲ့ပတ်သက်လို့ တရုတ်ဘက်က စည်းကမ်း ကန့်သတ်ချက်အသစ် လုပ်လိုက်တဲ့အတွက် မြန်မာဘက်က အခက်အခဲတွေဖြစ်လာမှာကို လုပ်ငန်းရှင်တွေ စိုးရိမ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနဲ့နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ၆ လ ကြာ ပိတ်ထားရာက နိုဝင်ဘာလ ၂၂ ရက် နေ့လည် ၁ နာရီကစပြီး မူဆယ်ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ တရုတ်ဘက်က ကြေညာခဲ့ပါတယ်။ ဒီကုန်သွယ်ခွင့်ကို နိုဝင်ဘာလ ၂၅ ရက်အထိ စမ်းသပ်ကာလအဖြစ် သတ်မှတ်ထားပြီး အားနည်းချက်၊ အားသာချက်တွေကို ချိန်ဆပြီးမှ ဆက်လက် ဖွင့်လှစ်သွားမယ်လို့ တရုတ်ဘက်က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒီလို ကြေညာခဲ့ပြီးနောက်မှာ ၂ ဘက်လုံးက ကုန်တွေကို အပြန်အလှန် ပြန်လည်တင်ပို့ခဲ့ပါတယ်။ ကုန်မျိုးစုံတင်ထားတဲ့ ကုန်သေတ္တာ ( ကွန်တိန်နာ) နှစ်လုံးကို တရုတ်က မြန်မာဘက်ကိုပို့ခဲ့ပြီး မြန်မာဘက်ကလည်း ကုန်သေတ္တာနှစ်လုံး တရုတ်ဘက်ကို ပြန်ပို့ခဲ့ကြောင်း ကုန်သည်တွေက ပြောပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးမှာ သဘောတူညီထားတဲ့ ကုန်အမျိုးအစားတွေအတိုင်း ကုန်သွယ်ခွင့် ပြန်ရမှာဖြစ်ပေမဲ့ ပို့ကုန်တွေကို ကုန်သေတ္တာ ( ကွန်တိန်နာ) ထဲ ထည့်ပြီးမှ ကုန်သွယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို တရုတ်ဘက်က အသစ်ထည့်သွင်းလိုက်တဲ့ ခုလို ကွန်တိန်နာတွေနဲ့ ကုန်တွေပို့ကြတာဖြစ်ပါတယ်။ ဒီကန့်သတ် ချက်ကြောင့် မြန်မာကုန်သည်အများစုကတော့ အခက်တွေ့နေကြပါတယ်။ မြန်မာကုန်သည်တွေကို ကွန်တိန်နာငှားရမ်းနိုင်ဖို့မူဆယ်က လုပ်ငန်းရှင်တချို့က ပြင်ဆင်ထားကြောင်း မူဆယ် ဆန်ကုန်သည်အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ဗမာပြည်ကလာတဲ့ ကုန်ပစ္စည်းတွေကို ကုမ္ပဏီတွေက ဖွင့်လှစ်ထားတဲ့ ကွန်တိန်နာ ဘောက်စ်တွေထဲ ပြောင်းလဲပြီးကာမှ အဲဒီ ကွန်တိန်နာတွေနဲ့ တရုတ်ပြည်ထဲကို ပို့ပေးမယ်။ ဒီလိုပဲ တရုတ်ပြည်ထဲမှာရှိတဲ့ ကုန်ပစ္စည်း မျိုးစုံကိုလည်း တရုတ်ကားတွေနဲ့ ဗမာပြည်လာလို့ရအောင် ကွန်တိန်နာဘောက်စ်ထဲကို ထည့်မယ်။ ထည့်ပြီးကာမှ ဗမာပြည်ကိုလာမယ်။ ပို့ဆောင်မှုပုံစံက ပြောင်းသွားတယ် အရင်လိုတော့ မဟုတ်တော့ဘူး။ ကွန်တိန်နာကားတွေနဲ့ပဲ ဝင်ထွက်ခွင့် ပြုတော့မယ်။”

ကိုဗစ်ကပ်ရောဂါကြောင့်ဆိုပြီး တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇွန်လထဲကစလို့ ပိတ်ခဲ့တာပါ။ အခုလည်း ဂိတ်တခုကို အစမ်း ပြန်ဖွင့်ပေးပေမဲ့ နယ်စပ်ဂိတ်တွေမှာ ကုန်တွေကို ကွန်တိန်နာထဲထည့်ပြီး ပို့ဆောင်ရမယ်လို့ သတ်မှတ်လိုက်တဲ့အတွက် စရိတ်စကတွေ ပိုကြီးသွားမှာကို ကုန်သည်တွေစိုးရိမ်နေကြပါတယ်။ ဒီလို ကွန်တိန်နာနဲ့ပို့ဖို့ တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သည်တွေ မကြာခဏလုပ်တဲ့ အစည်းအဝေးတချို့မှာ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး သဘောတူမှု မရခဲ့ပေမဲ့ ဒီနေ့ နယ်စပ်ဖွင့်တဲ့ ကြေညာချက်မှာ တရုတ်ဘက်က ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာကုန်သည်တွေက အမိုးပွင့်ကုန်တင်ကားတွေနဲ့ပဲ ကုန်တွေကို သယ်ယူနေကြတာပါ။ အခုတော့ ကွန်တိန်နာနဲ့ ပြောင်းသယ်ရမယ်ဆိုတဲ့အတွက်အခက်အခဲရှိနိုင်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်တင်ယာဉ်မောင်းများအဖွဲ့ရဲ့ တာဝန်ခံ စိုင်းဘုန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။ အဓိက အခက်အခဲကတော့ မြန်မာကုန် ကားတွေရဲ့ နောက်ပိုင်းကိုယ်ထည်ဟာ ကွန်တိန်နာပုံးတင်ဖို့ အဆင်မပြေနိုင်ကြောင်း၊ ကားကိုယ်ထည်မှာ အပြောင်းအလဲတွေ ထပ်လုပ်ရမှာဖြစ်ကြောင်း သူကပြောပါတယ်။

“ကွန်တိန်နာတင်မယ်ဆို အရိုးတွဲ ( နောက်ကိုယ်ထည်မပါ) အဲဒါနဲ့မှအဆင်ပြေမှာ။ နည်းနည်းတော့ အလုပ်ရှုပ်သွားမှာပေါ့။ အဲလို သူတို့က ကွန်တိန်နာပဲ လက်ခံမယ် ဆိုရင် ချိန်းရမှာ။ ကွန်တိန်နာ တင်လိုက်ပြီဆိုရင်လည်း တန်ချိန်တွေက ပိုလာရော။ ကွန်တိန်နာတလုံးကို ၄ တန်ရှိတယ်။ ၄ တန်ရှိတယ်ဆိုတော့ ခြင်းတွဲ ( ရိုးရိုးကုန်ကား) ကို ဖြတ်ပြီးတော့ သယ်မယ်ဆိုရင် ဝိတ်ကများလာတယ်။”

တရုတ်ဘက်ကတော့ နယ်စပ်ဂိတ်ပိတ်တာတွေ၊ အခုလိုစည်ကမ်းချက်တွေ ပြောင်းလဲတာတွေဟာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ အမြဲပြောနေတာပါ။

“...ဆိုတော့ အလုပ်သမား ၁၀ ယောက် ၁၅ ယောက်လောက်နဲ့ ခေါက်တုံ့ခေါက်ပြန် ကားဖင်တင်ပြီး ( နယ်စပ်မှာ) ချိန်းရတဲ့အလုပ်ကို သူကမလုပ်တော့ဘူး။ ကွန်တိန်နာ အလုံးလိုက် မ,သွား၊ အလုံးလိုက်ချိန်းသွားမှာ။ အဲလိုပဲလုပ်တော့မှာလေ။ ချမှတ်တဲ့နည်းစနစ်အတိုင်း ပြောင်းနိုင်ရင်ပြောင်း မပြောင်းနိုင်ရင်လည်း ဘယ်လိုလာမလဲပေါ့။ ပြန်တချက် စောင့်ကြည့်ရတော့မှာလေ၊ ပိတ်ထားတာလည်း ကြာပြီဆိုတော့။ အခုမှ ရုတ်တရက်ကြီး၊ ဖွင့်တာတောင်မှ စမ်းသပ်ပြီးဖွင့်မယ်ဆိုတော့ စောင့်ကြည့်ရမယ့်အနေအထား ဖြစ်သွားတာပေါ့။”

မြန်မာပြည်မှာ ကိုဗစ်တတိယလှိုင်း အရှိန်ရလာတဲ့ ဇူလိုင်လ ၁၀ ရက်ကစလို့ တရုတ် ယူနန်အစိုးရက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အားလုံးကို ဖြတ်တောက် ထားတာပါ။ နှစ်ဘက် အပြန်အလှန်ကုန်သွယ်ရေး မရှိတော့ပေမဲ့ အရေးပေါ်လိုအပ်နိုင်တဲ့ ဆေးဝါးကိုတော့ နှစ်နိုင်ငံညှိနှိုင်းပြီး မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ကနေ ခြွင်းချက်နဲ့ တင်သွင်းခွင့်ပေးထားပါတယ်။ တရုတ်- မြန်မာကုန်သွယ်ရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ဧပြီလထဲက စလို့ ကျဆင်းသွားကြောင်းလည်း ကုန်သည်တွေက ပြောပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးကို တရုတ်နိုင်ငံဘက်အခြမ်း နယ်စပ်ဂိတ်တွေမှာတော့ ကိုဗစ်စစ်ဆေးရေးဂိတ်တွေ၊ အဆောက်အဦး တိုးချဲ့တာတွေ စတဲ့ပြင်ဆင်မှုတွေတော့ အဆက်မပြတ်လုပ်နေကြောင်း တရုတ်နယ်စပ်မှာရှိတဲ့ ကုန်သည်တွေက ပြောပါတယ်။

#ChinaMyanmarBorder #BorderTrade #VOABurmese

#တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး#ကျင်စန်းကျော့ဂိတ်#ကွန်တိန်နာ###

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG