နာမကျန်းဖြစ်နေတဲ့ အစိုးရ အတိုက်အခံ Cao Shunli ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ တရုတ် တက်ကြွလှုပ်ရှားသူ တချို့ ဘေဂျင်းဆေးရုံကို သွားရောက်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ကြရပါတယ်။
Cao Shunli ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဘေဂျင်းဆေးရုံကို သွားခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၃၀ လောက် အဖမ်းခံခဲ့ရတာပါ။ လှုပ်ရှားသူအားလုံးကို ရဲက နာရီအတော်ကြာ မေးမြန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် အများစုကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့အထဲက သုံးယောက်ကိုတော့ ရပ်ရွာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် နှောင့်ယှက်မှုနဲ့ ထိန်းသိမ်းခဲ့ပါတယ်
Cao Shunli ဟာ ထိန်းသိမ်းရေးစခန်းမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မရတဲ့အတွက် ကျန်းမာရေး သိသိသာသာ ဆိုးရွားလာနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မေ့မျောနေတယ်လို့ ဆိုတဲ့ Cao Shunli ကို သိပ်မကြာခင်ကပဲ ဘေဂျင်းဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ထောင်ဝန်ထမ်းတွေက Cao Shunli ခံစားနေရတဲ့ အသည်းရောဂါကို ကုသခွင့် ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သူမရဲ့ ရှေ့နေ Wang Yu က စွပ်စွဲထားပါတယ်။
Cao Shunli ဟာ လူ့အခွင့်အရေး သင်တန်းတခု တက်ရောက်ဖို့အတွက် ဂျနီဗာမြို့ကို ခရီးထွက်ဖို့ ပြင်နေတုန်း ပြီးခဲ့တဲ့ စက်တင်ဘာလက ဘေဂျင်း နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။