သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တ႐ုတ္ အာကာသသူရဲေကာင္း ၃ ဦး ေျမျပင္ျပန္ဆင္း


တ႐ုတ္အာကာသယာဥ္မွဴး ၃ ဦး လုိက္ပါဆင္းသက္လာတဲ့ Shenzhou-13 အာကာသယာဥ္။ (ဧၿပီ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္ အာကာသသူရဲေကာင္း ၃ ဦးဟာ ကမၻာပတ္လမ္းေပၚက တ႐ုတ္ အာကာသစခန္းသစ္မွာ ၆ လၾကာေနထိုင္ၿပီး အခု စေနေန႔မွာေတာ့ ကမၻာေျမေပၚ ျပန္ဆင္းသက္လာႏိုင္ပါၿပီ။

တ႐ုတ္ႏိုင္ငံရဲ႕ အာကာသအစီအစဥ္အတြက္ေတာ့ သူတို႔ ၃ ဦးဟာ အာကာသမွာ အၾကာျမင့္ဆံုး ေနခဲ့သူေတြပါ။

သူတို႔ ၃ ဦးကို တင္လာတဲ့ Shenzhou ၁၃ အာကာသယာဥ္ငယ္ဟာ အတြင္းမြန္ဂိုလီးယားရဲ႕ ေျမာက္ပိုင္းေဒသမွာရွိတဲ့ ဂိုဘီသဲကႏၲာရကို ဒီကေန႔ ဆင္းသက္ႏိုင္ခဲ့တာပါ။

သူတို႔ ၃ ဦးရဲ႕ အာကာသခရီးစဥ္အတြင္းမွာ အာကာသယာဥ္မွဴး Wang Yaping ဟာ အာကာသေလဟာျပင္ထဲ လမ္းေလွ်ာက္သူ ပထမဦးဆံုး တ႐ုတ္အမ်ိဳးသမီး ျဖစ္လာပါတယ္။ Wang နဲ႔ တျခား အာကာသသူရဲေကာင္းေတြျဖစ္တဲ့ Zhai Zhigang နဲ႔ Ye Guangfu တို႔ဟာ အထက္တန္းေက်ာင္းကတည္းက ႐ူပေဗဒ စာသင္ခန္းထဲ ထူးခၽြန္သူေတြ ျဖစ္ၾကပါတယ္။

တ႐ုတ္ႏိ္ုင္ငံဟာ သူ႕ရဲ႕ ပထမဆံုး အာကာသယာဥ္ကို ၂၀၀၃ ခုႏွစ္မွာ လႊတ္တင္ႏိုင္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာ လေပၚကို စက္႐ုပ္ၿဂိဳဟ္သြားယာဥ္ ဆင္းသက္ေစႏိုင္ခဲ့ပါတယ္။ လာမယ့္ႏွစ္မွာ အဂၤါၿဂိဳဟ္ေပၚထိ ေစလႊတ္ႏိုင္ေအာင္ ရည္မွန္းထားပါတယ္။ ဒါ့အျပင္ လေပၚကို လူသြားႏိုင္မယ့္ အစီအစဥ္တခုလည္း ေဆြးေႏြးေနၾကပါတယ္။

တ႐ုတ္ရဲ႕ အာကာသအစီအစဥ္ေတြကို တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ တ႐ုတ္စစ္တပ္က စီမံကြပ္ကဲတာေၾကာင့္ အေမရိကန္ဘက္က မလိုလားတဲ့အတြက္ ႏိုင္ငံတကာ အာကာသစခန္းနဲ႔ ပူးေပါင္းအသံုးျပဳခြင့္ မရပါဘူး။ ဒါေပမယ့္လည္း အာကာသထဲကို ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အာကာသသူရဲေကာင္း ေစလႊတ္ႏိုင္တာဟာဆိုရင္ ကမၻာမွာ အေမရိကန္နဲ႔ ဆိုဗီယက္ျပည္ေထာင္စုေဟာင္းၿပီးရင္ တ႐ုတ္ဟာ တတိယေျမာက္ႏိုင္ငံပါ။

တ႐ုတ္ အာကာသသူရဲေကာင္း ၃ ဦး ေျမျပင္ျပန္ဆင္း
please wait

No media source currently available

0:00 0:00:42 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

တရုတ် အာကာသသူရဲကောင်း ၃ ဦး မြေပြင်ပြန်ဆင်း

တရုတ် အာကာသသူရဲကောင်း ၃ ဦးဟာ ကမ္ဘာပတ်လမ်းပေါ်က တရုတ် အာကာသစခန်းသစ်မှာ ၆ လကြာနေထိုင်ပြီး အခု စနေနေ့မှာတော့ ကမ္ဘာမြေပေါ် ပြန်ဆင်းသက်လာနိုင်ပါပြီ။

တရုတ်နိုင်ငံရဲ့ အာကာသအစီအစဉ်အတွက်တော့ သူတို့ ၃ ဦးဟာ အာကာသမှာ အကြာမြင့်ဆုံး နေခဲ့သူတွေပါ။

သူတို့ ၃ ဦးကို တင်လာတဲ့ Shenzhou ၁၃ အာကာသယာဉ်ငယ်ဟာ အတွင်းမွန်ဂိုလီးယားရဲ့ မြောက်ပိုင်းဒေသမှာရှိတဲ့ ဂိုဘီသဲကန္တာရကို ဒီကနေ့ ဆင်းသက်နိုင်ခဲ့တာပါ။

သူတို့ ၃ ဦးရဲ့ အာကာသခရီးစဉ်အတွင်းမှာ အာကာသယာဉ်မှူး Wang Yaping ဟာ အာကာသလေဟာပြင်ထဲ လမ်းလျှောက်သူ ပထမဦးဆုံး တရုတ်အမျိုးသမီး ဖြစ်လာပါတယ်။ Wang နဲ့ တခြား အာကာသသူရဲကောင်းတွေဖြစ်တဲ့ Zhai Zhigang နဲ့ Ye Guangfu တို့ဟာ အထက်တန်းကျောင်းကတည်းက ရူပဗေဒ စာသင်ခန်းထဲ ထူးချွန်သူတွေ ဖြစ်ကြပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ ပထမဆုံး အာကာသယာဉ်ကို ၂၀၀၃ ခုနှစ်မှာ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လပေါ်ကို စက်ရုပ်ဂြိုဟ်သွားယာဉ် ဆင်းသက်စေနိုင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ အင်္ဂါဂြိုဟ်ပေါ်ထိ စေလွှတ်နိုင်အောင် ရည်မှန်းထားပါတယ်။ ဒါ့အပြင် လပေါ်ကို လူသွားနိုင်မယ့် အစီအစဉ်တခုလည်း ဆွေးနွေးနေကြပါတယ်။

တရုတ်ရဲ့ အာကာသအစီအစဉ်တွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်စစ်တပ်က စီမံကွပ်ကဲတာကြောင့် အမေရိကန်ဘက်က မလိုလားတဲ့အတွက် နိုင်ငံတကာ အာကာသစခန်းနဲ့ ပူးပေါင်းအသုံးပြုခွင့် မရပါဘူး။ ဒါပေမယ့်လည်း အာကာသထဲကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အာကာသသူရဲကောင်း စေလွှတ်နိုင်တာဟာဆိုရင် ကမ္ဘာမှာ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းပြီးရင် တရုတ်ဟာ တတိယမြောက်နိုင်ငံပါ။

XS
SM
MD
LG