တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို
ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။
Shanxi ပြည်နယ် ကျေးလက်ဒေသမှာ ခြံသမားမိဘတွေက အလုပ်လုပ်နေချိန် စနေနေ့မှာတုန်းက လယ်ကွင်းထဲမှာ သွားနေတဲ့ ကလေးငယ်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အမျိုးသမီးတဦးက တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးကိုတော့ နောက်ပိုင်း အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းလည်း ဒေသခံရဲတွေက ပြောခဲ့တာပါ။
ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့ပေမဲ့ မျက်စေ့ကွယ်တာကိုတော့ ဆရာဝန်တွေက ကုသမပေးနိုင်ခဲ့ပါဘူး။ အစိုးရပိုင် သတင်းကတော့ ကလေးငယ်ရဲ့ မျက်လုံးက မျက်ကြည်လွှာကို ယူသွားတာ တွေ့ရပြီး၊ မှောင်ခိုဈေး ကွက်မှာ ပြန်ရောင်းဖို့ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့တာပါ။
ဒါပေမဲ့လည်း ရဲတွေကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတိအကျ မသိရဘူးဆိုပြီး သတင်းတွေကို လက်မခံခဲ့ကြပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၁၆၀၀၀ ပေးဖို့လည်း ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားပါတယ်။
ဒီသတင်းကြောင့် တရုတ် အင်တာနက် လူမှုကွန်ရက်တွေမှာတော့ မကျေမနပ်သံတွေနဲ့အတူ တရားမျှတမှုရအောင် ဖော်ထုတ်ဖို့
တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ တရုတ်နိုင်ငံဟာဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူတွေ နည်းပါးတဲ့အတွက် မျက်ကြည်လွှာနဲ့ တခြားအစားထိုးနိုင်တဲ့ ကိုယ်တွင်းအင်္ဂါတွေ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။