သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကပ္ပတိန် ဖမ်းဆီးမှုကိစ္စ ဂျပန်ကို လျော်ကြေးတောင်း


တရုတ်ကပ္ပတိန် ဖမ်းဆီးမှုကိစ္စ ဂျပန်ကို လျော်ကြေးတောင်း
တရုတ်ကပ္ပတိန် ဖမ်းဆီးမှုကိစ္စ ဂျပန်ကို လျော်ကြေးတောင်း

တရုတ်ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ဂျပန်နိုင်ငံက သီတင်း နှစ်ပတ်ကျော် ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး တောင်းပန်မှုတွေနဲ့အတူ နစ်နာကြေးတွေ ပေးဖို့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုကို ဂျပန်နိုင်ငံက လက်မခံ ပယ်ချလိုက်ပါတယ်။

စနေနေ့က တရုတ်သင်္ဘော ကပ္ပတိန်ကို ဂျပန်နိုင်ငံက ပြန်လွှတ် ပေးခဲ့ပြီးတဲ့နောက်မှာ ဒီဖမ်းဆီးမှုဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ဂျပန်နိုင်ငံက ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ ကြေညာချက်တစ်စောင်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ ဒီတောင်းဆိုချက်ဟာ အခြေအမြစ်မရှိဘဲ လက်ခံနိုင်လောက်စရာ မရှိဘူးလို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့ ကျွန်းစုနားမှာ တရုတ်ငါးဖမ်းသင်္ဘောနဲ့ ဂျပန်ကင်းလှည့် ရေယာဉ်နှစ်စီးတို့ ဝင်တိုက်မိခဲ့ချိန်ကစပြီး တရုတ်သင်္ဘော ကပ္ပတိန်ကို ဂျပန်က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

ဒီ တရုတ်သင်္ဘော ကပ္ပတိန် Zhan Qiziong ကို ပြန်ပြီးလွှတ်တာနဲပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောထား ကွဲလွဲနေမှုတွေကို ပိုမို ဆိုးရွားစေတယ်လို့ ဂျပန်အစိုးရ ရှေ့နေတွေကပြောပါတယ်။

စနေနေ့မှာ တရုတ် သီးသန့်လေယာဉ်နဲ့ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ Zhan ကတော့ သူဟာ တရားမဝင်ဘာမှ လုပ်ဆောင်တာမျို းမရှိဘဲ တရုတ်အစိုးရရဲ့ ပြောကြားချက်တွေကို သူ ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG