သုံးရလွယ်ကူစေသည့် Link များ

တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုးကို နှစ်ရက်မြောက်ဆက်တိုက် ဆက်ချလိုက်တာကြောင့် ကမ္ဘာ့ဈေးကွက်တွေမှာ ရိုက်ခတ်မှုတွေဖြစ်ပြီး ကုန်သွယ်ဘက်တွေနဲ့ တင်းမာမှု တိုးလာနိုင်ချေ ရှိပါတယ်။

ယွမ်ငွေဈေးဟာ အင်္ဂါနေ့က ၂% နီးပါး ကျခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ ၁.၆% ထပ်ကျတာပါ။ မနေ့က ၂% နီးပါး ဈေးကျခဲ့တာဟာ ဆယ်နှစ်အတွင်း တရက်ထဲမှာ အများဆုံး ဈေးကျတာဖြစ်ပါတယ်။ ငွေဈေးချလိုက်တာဟာ ယာယီပဲဖြစ်ပြီး ယွမ်ငွေတန်ဖိုးကို ဈေးကွက်နဲ့ ပိုပြီး လိုက်လျောညီထွေဖြစ်စေဖို့ လုပ်တာဖြစ်တယ်လို့ ယွမ်ငွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ တရုတ်ဗဟိုဘဏ်က ပြောပါတယ်။

ငွေဈေးအပြောင်းအလဲကြောင့် ကုန်တင်ပို့တဲ့ဈေးကွက် ကမောက်ကမ ဖြစ်ကုန်သလို ကမ္ဘာ့ ဒုတိယ အကြီးဆုံးစီးပွားရေးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက်မှာလည်း မတည်မငြိမ် ဖြစ်သွားပါတယ်။

တရုတ်ယွမ်ငွေဈေး အခြေအနေကြောင့် အာရှဒေသက ရင်းနှီးမြှုပ်နှံသူတွေကြား စိုးရိမ်စိတ်ဝင်ပြီး ဟောင်ကောင်၊ ရှန်ဟိုင်းနဲ့ တိုကျို အစုရှယ်ယာ ဈေးကွက်တွေမှာ ဈေးတွေကျသွားပါတယ်။

တရုတ် ကုန်ပစ္စည်းတင်ပို့သူတွေအတွက် တန်းတူညီမျှမှုမရှိတဲ့ အကျိုးအမြတ်တွေရစေဖို့ ယွမ်ငွေတန်ဖိုးကို တရုတ်က ချထားတယ်ဆိုပြီး တောက်လျှောက် စွပ်စွဲလာတဲ့ အမေရိကန် ပြည်ထောင်စုဘက်မှာတော့ အခုအခြေအနေအပေါ် သတိနဲ့ တုံ့ပြန်တာ တွေ့ရပါတယ်။ အခုလုပ်ရပ်ရဲ့ သက်ရောက်မှုတွေကို ဆန်းစစ်ဖို့ရာ သိပ်စောလွန်းသေးတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG