သုံးရလွယ်ကူစေသည့် Link များ

ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး


ဟောင်ကောင်မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရက တရုတ်နိုင်ငံပိုင် နေမြေအတွင်းမှာရှိတဲ့ လမ်းမတွေ ပေါ်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာကို အံတုပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။ တရုတ်အစိုးရကလည်း ပြည်ပကနေ ဝင်ရောက် စွက်ဖက်မှုမလုပ်ကြဖို့ သတိပေးထားပါတယ်။

တနင်္လာနေ့ နေ့လည်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမသွားခင် ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာဒေသအတွင်း ဆန္ဒပြနေကြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြတဲ့အခြေအနေဟာ အားပျော့လာတဲ့အတွက် ဆုတ်ခွာပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ညနေပိုင်း အလုပ်ဆင်းချိန်မှာ လူစုလူဝေးကြီးဟာ ပြန်ပြီးတော့ ကြီးထွားလာခဲ့ပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အခြေနေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက အနီးကပ် လေ့လာစောင့်ကြည့်နေပြီး လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို ထောက်ခံကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ သည်းခံမှုရှိကြဖို့နဲ့ ပြည်သူတွေကိုလည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဟောင်ကောင်ပြည်သူတွေအနေနဲ့ ၂၀၁၇ ခုနှစ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် သူတို့ရဲ့ကိုယ်စားလှယ်လောင်းကို သူတို့အနေနဲ့ ရွေးချယ်ခွင့်ပြုရေးကို တရုတ်အစိုးရက ငြင်းပယ်နေတာကြောင့် လုံးဝဒီမိုကရေစီ မရှိဘူးလို့ ဟောင်ကောင် ကျောင်းသားတဦးက VOA ကို ပြောပါတယ်။

XS
SM
MD
LG