သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်မှာ ကောလဟာလဖြန့်သူ ထောင် ၃ နှစ်


တရုတ်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အရ အင်တာနက် အွန်လိုင်းပေါ်မှာ တာဝန်မဲ့ ရေးသားဖော်ပြချက်အဖြစ် တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရတော့မှာ ဖြစ်ပါတယ်။

တရုတ်ဗဟိုတရားရုံးချုပ်နဲ့ အစိုးရရှေ့နေတွေက ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အရ အသရေပျက်စေတဲ့ ပြောဆိုမှုမျိုးတွေကို အွန်လိုင်းသုံးသူတွေက အကြိမ်ပေါင်း ၅ ထောင်ကျော် ဖတ်ရှုတာ၊ ဒါမှမဟုတ် ဘလော့ဂ်တွေ ဒါမှမဟုတ် တရုတ်နိုင်ငံက အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ Weibo ပေါ်မှာ အကြိမ် ၅၀၀ ကျော် ဖော်ပြတယ်ဆိုရင် အရေးယူဖို့ စဉ်းစားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စည်းကမ်းချက် အသစ်မှာတော့ ငွေညှစ်တာ၊ လာဘ်ငွေတောင်းတာ၊ အွန်လိုင်းပေါ်မှာ အချေအတင် ဖြစ်စရာတွေ ဖန်တီးတာတွေကိုလည်း တားမြစ်ထားတာပါ။ လမ်းညွှန်ချက်သစ်ကို ထောက်ခံသူတွေကတော့ စံချိန်စံညွှန်းတွေ သတ်မှတ်တာက ဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေလို ဆန့်ကျင်သူတွေကတော့ လက်တွေ့မှာ အလုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။ တရုတ်အစိုးရကတော့ ကောလဟလတွေ အကြီးအကျယ် ပျံ့နှံ့မှုကို နှိမ်နင်းတဲ့ အစီအစဉ်တွေကို ဆောင်ရွက်နေတာ လအတော်ကြာ ရှိနေပါပြီ။
XS
SM
MD
LG