သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သတင်းထောက် ပျောက်ဆုံးမှု စုံစမ်းပေးဖို့ ထိုင်းကို အမေရိကန်တိုက်တွန်း


တရုတ်နိုင်ငံမှာ အစိုးရထောက်လှမ်းရေး လုပ်ပေးဖို့ ဖိအားပေးခံရတာကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ တရုတ်သတင်း အယ်ဒီတာ ပျောက်ဆုံးနေတယ် ဆိုတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေအနေနဲ့ စုံစမ်းပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

အလယ်အလတ်ဝါဒဘက်ကို ယိမ်းတဲ့ Southern Metropolis Daily သတင်းစာရဲ့ အမြင်သဘောထားကဏ္ဍ အယ်ဒီတာ Li Xin ထိုင်းနိုင်ငံအတွင်းမှာ ပျောက်ဆုံးနေတယ်ဆိုတာကို သိရှိထားကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

သူဟာ အခုလ အစောပိုင်းတုန်းက ထိုင်းနိုင်ငံအတွင်း ခရီးသွားလာနေပြီး နိုင်ငံရေးခိုလှုံနိုင်ဖို့ ကြိုးစားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအတွင်းက ပညာတတ် အသိုင်းအဝိုင်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအကြောင်း အစိုးရ လုံခြုံရေးဌာနအတွက် သတင်းပေးအဖြစ် နှစ်အတန်ကြာ အဓမ္မ ခိုင်းစေခံခဲ့ရပြီးတဲ့နောက် ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့ကြောင်း နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို Li Xin က ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။

XS
SM
MD
LG