သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ် တရုတ်အဆိုပြု


အင်တာနက်စည်းကမ်းသတ်မှတ်ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်ဖို့ Wuzhenမှာကျင်းပနေတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ သမ္မတ Xi တောင်းဆို။
အင်တာနက်စည်းကမ်းသတ်မှတ်ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်ဖို့ Wuzhenမှာကျင်းပနေတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ သမ္မတ Xi တောင်းဆို။

အင်တာနက်ကို စည်းကမ်းသတ်မှတ် ထိန်းချုပ်ရေး တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က တောင်းဆို လိုက်ပါတယ်။

တရုတ်နိုင်ငံက ကမကထ လုပ်ပြီး နိုင်ငံအရှေ့ပိုင်း Wuzhen မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ သမ္မတရှီက ဒီကနေ့ အဲဒီလိုတောင်းဆိုတာပါ။ အင်တာနက်ကို စီမံအုပ်ချုပ်တဲ့စနစ်တရပ် ဖန်တီးရေး နိုင်ငံတိုင်း အတူတကွလုပ်ဆောင်သင့် တယ်လို့ သမ္မတရှီကပြောပါတယ်။

အဲဒီလိုလုပ်တဲ့အတွက် တခြားကိစ္စရပ်အများအပြားအပြင် သတင်းနည်းပညာကို လွဲမှားတဲ့ ရည်ရွယ်ချက်နဲ့ အသုံးချတာကို အဆုံးသတ်စေမယ်၊ ဆိုင်ဘာအင်တာနက်ကနေ စောင့်ကြည့် ထောက်လှမ်းတာနဲ့ ခိုးဝင်တာတွေ ကို တားဆီးနိုင်မယ်၊ သူ့အဆိုအားဖြင့် ဆိုင်ဘာအင်တာနက်မှာ လက်နက်ပြိုင်ဆိုင်တာကို နှိမ်နင်းနိုင်မယ်လို့ မစ္စတာရှီက ပြောပါ တယ်။

အမေရိကန်အခြေစိုက် Microsoft ကုမ္ပဏီနဲ့ တရုတ်နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Baidu နဲ့ Alibaba တို့အပါအဝင် ကမ္ဘာ့ အကြီးဆုံး နည်းပညာကုမ္ပဏီတွေက ကိုယ်စားလှယ် ဒါဇင်ပေါင်းများစွာ အခုညီလာခံကို တက်နေပါတယ်။ မဖွယ်မရာဖြစ်တယ် ဒါမှမဟုတ် အဖျက်အမှောင့်ဖြစ်တယ်လို့ ယူဆတဲ့ အင်တာနက်ဝက်ဘ်ဆိုက်တ်တွေကို တရုတ်နိုင်ငံမှာ ပိတ်ပင်ပြီး အင်တာနက် အသုံးပြုတာကို တရုတ်ကွန်မြူနစ်ပါတီက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။

တရုတ်အစိုးရရဲ့ အခုတောင်းဆိုချက်ကို ငြင်းပယ်ကြဖို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က နည်းပညာ ကုမ္ပဏီတွေကို တောင်းဆိုနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်မယ့်၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပိုဆိုးလာစေ မယ့် နည်းလမ်းတွေနဲ့ တရုတ်အစိုးရဟာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စီမံအုပ်ချုပ်ရေးအပေါ် လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ AI အဖွဲ့ကပြောပါတယ်။

XS
SM
MD
LG