သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှစ်သစ်ကူးပွဲတွေ ဆင်နွဲနေကြ


China Lunar New Year
China Lunar New Year

ဒီနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက တရုတ်နွယ်ဖွားတွေ ဆင်နွှဲနေကြပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နဂါးနှစ်ထဲဝင်တဲ့ နှစ်သစ် အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲတွေနဲ့ ခြိမ့်ခြိမ့်သည်း ကျင်းပနေကြပါတယ်။

ဒီနေ့ စနေနေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ရုံမက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပလေ့ရှိတဲ့ နွေဦးရာသီ အားလပ်ရက်ပွဲတော် တရားဝင် စတင်တဲ့ ပထမဆုံးနေ့လည်း ဖြစ်တာမို့ တရုတ်နိုင်ငံသား သန်းနဲ့ချီ နေရပ်တွေပြန်ကြ အပျော်ခရီးတွေထွက်ကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တရုတ်နှစ်ကူး အားလပ်ရက်အတွက် ခရီးသွားလာသူပေါင်း သန်း ၉,၀၀၀ ရှိတယ်လို့ တရုတ်အစိုးရသတင်းတွေက ဖော်ပြပါတယ်။

တိဘက်ယဥ်ကျေးမှုမှာလည်း ဒီနေ့ဟာ ၂၁၅၁ ခုနှစ် စတင်တဲ့ နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ တိဘက်လူမျိုးတွေ အများစု ခိုလုံနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံ Dharamsala မြို့မှာ ဒီကနေ့ သံဃာတွေ ဦးဆောင်ပြီး ပြည်ပရောက် တိဘက်တွေ နဂါးနှစ်ကို ကြိုဆိုခဲ့ကြပါတယ်။ အလားတူ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကိုရီးယား စတဲ့ အာရှ နိုင်ငံနဲ့ ဒေသ အများအပြား မှာလည်း တရုတ်နှစ်သစ်ကူး ပွဲတော်တွေကို ရိုးရာအလိုက် ကျင်းပကြပါတယ်။

နိုင်ငံရေး နဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာတော့ အရင်နှစ်တွေမှာလို စည်စည်ကားကား မရှိဘဲ အကျဥ်းရုံး ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG