သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲ အေယာင္ေဆာင္ တ႐ုတ္လူမ်ိးေတြ ဖမ္းဆီးရမိ


ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႔ တေနရာ

ရွမ္းျပည္နယ္ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႔နယ္မွာ တရားမ၀င္ ၀င္ေရာက္လာတဲ့ တရုတ္ႏိုင္ငံသား ၁၇ေယာက္ကို ဖမ္းဆီးခဲ့ၿပီး အဲဒီထဲက ၅ဦးကိုေတာ့ ရဲအေယာင္ေဆာင္မႈ နဲ႔ပါ တရားစဲြဆိုထားပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ေလာက္ကိုင္ၿမိဳ႔နယ္ တရုတ္ျမန္မာနယ္စပ္ကေန တရားမ၀င္ ၀င္ေရာက္သူေတြကို တပ္၊ ရဲနဲ႔ ျပည္သူစစ္ ပူးေပါင္းအဖဲြ႔ေတြက ၁၅ရက္ေန႔က ဖမ္းဆီးခဲ့ျဖစ္ပါတယ္။

တရားမ၀င္ ၀င္ေရာက္လာသူ တရုတ္ႏိုင္ငံသား ၁၇ဦး ဖမ္းဆီးခဲ့ရာမွာ ၅ဦးကိုေတာ့ ရဲအေယာင္ေဆာင္မႈနဲ႔ တရားစဲြဆိုလိုက္တာျဖစ္ပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ရွမ္းျပည္နယ္ ရဲတပ္ဖဲြ႔က ရဲမႈးခ်ဳပ္ ေဇာ္ခင္ေအာင္က အခုလို အတည္ျပဳေျပာပါတယ္။

“ အဲဒီမွာက်ေတာ့ ကိုးကန္႔ရဲေတြ ရိွတယ္။ က်ေနာ္တို႔ ရဲတပ္ဖဲြ႔ရဲ့ ေအာက္ကေပါ့။ ကိုးကန္႔ရဲ အေယာင္ေဆာင္တာေပါ့ဗ်ာ။ ကိုးကန္႔ရဲက တရုတ္ေတြနဲ႔လည္း ပံုစံတူတာေပါ့။ စကားေျပာလည္း တရုတ္စကားပဲ ေျပာတာေပါ့ေနာ္။ အဲဒီမွာလည္း က်ေနာ္တုိ႔က ကိုးကန္႔ရဲ အင္အား ၁၀၀ေလာက္ ရိွတယ္။ က်ေနာ္တုိ႔ တပ္ဖဲြ႔၀င္ေပ့ါေနာ္။ အဲဒါ သူတုိ႔ အေယာင္ေဆာင္တာေပါ့။ အဲဒါကို သူတုိ႔က ျပန္ဖမ္းေပးတာေပါ့။ ယူနီေဖာင္းကလည္း က်ေနာ္တုိ႔ ယူနီေဖာင္း ၀တ္တယ္။ လက္ထိပ္ေတြ ဘာေတြ ကိုင္တယ္။ အဲဒါမ်ိဳးေပါ့ဗ်ာ။ အေယာင္ေဆာင္ၿပီးေတာ့မွ သူတုိ႔က ေငြေတာင္းတာတို႔ ဘာလုပ္တာတို႔ ညာလုပ္တာတို႔ လုိက္လုပ္တယ္ ထင္တယ္။ အဲဒါေၾကာင့္ ဥပေဒနဲ႔ အညီ တရား စဲြတာေပါ့ဗ်ာ။”

ဖမ္းဆီးရမိတဲ့အထဲမွာ ရဲ၀တ္စံု၂စံု၊ က်ည္ကာအကၤ် ီ၊ လက္ထိပ္၅ခုနဲ႔ ဖုိက္ဘာေသနတ္အတု ၂လက္တို႔ ပါ၀င္ခဲ့ပါတယ္။

ေလာက္ကိုင္ၿမိဳ႔က ရဲအရာရိွတစ္ဦးကေတာ့ အေယာင္ေဆာင္သူ ၅ဦးကို ရာဇသတ္ၾကီးပုဒ္မ ၁၇၀နဲ႔ တရားစဲြဆိုၿပီး ထိန္းသိမ္းထားေၾကာင္းေျပာပါတယ္။

“ တရားမ၀င္ ၀င္ေရာက္လာတဲ့အတြက္ေၾကာင့္ လ၀က အက္ ၁၃(၁)နဲ႔ အမႈဖြင့္တယ္။ ဖြင့္ၿပီးေတာ့ စစ္ေဆး ေပၚေပါက္ခ်က္အရ ရာဇသတ္ၾကီး ပုဒ္မ ၁၇၀နဲ႔ တရား ထပ္စဲြတာေပါ့။ တရားရံုးရဲ့ တရားသူၾကီးရဲ့ ခ်ဳပ္မိန္႔အရေပါ့။ ခ်ဳပ္မိန္႔အရ ၿမိဳ႔မ ရဲစခန္းမွာ ခ်ဳပ္ေႏွာင္ထားတာေပါ့။”

ရာဇသတ္ၾကီးဥပေဒ ပုဒ္မ ၁၇၀ဟာ ျပည္သူ႔၀န္ထမ္း အ၀တ္အစားနဲ႔ အမွတ္တံဆိပ္ကို လိမ္လည္ လွည္႔ျဖားရန္ ရည္ရြယ္ခ်က္နဲ႔ ၀တ္ဆင္ကိုင္ေဆာင္တဲ့ အမႈျဖစ္ၿပီး ဒီဥပေဒအရ ေထာင္ဒဏ္ ၂ႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္နဲ႔ ေငြဒဏ္ ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္တဲ့အမႈ ျဖစ္ပါတယ္။

ကိုးကန္႔ေဒသဟာ နယ္စပ္ေဒသျဖစ္တာေၾကာင့္ တရားမ၀င္ခိုး၀င္တာေတြ ရိွေနၿပီး အမ်ားစုကိုေတာ့ လူ၀င္မႈၾကီးၾကပ္ေရးဥပေဒ (လ၀က)အရ အေရးယူတာျဖစ္ပါတယ္။

...........................

{Unicode}

ရဲ အယောင်ဆောင် တရုတ်လူမျိးတွေ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၇ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၅ဦးကိုတော့ ရဲအယောင်ဆောင်မှုနဲ့ပါ တရားစွဲဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လောက်ကိုင်မြို့နယ် တရုတ်မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်ရောက်သူတွေကို တပ်၊ ရဲနဲ့ ပြည်သူစစ် ပူးပေါင်းအဖွဲ့တွေက ၁၅ရက်နေ့က ဖမ်းဆီးခဲ့ဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၁၇ဦး ဖမ်းဆီးခဲ့ရာမှာ ၅ဦးကိုတော့ ရဲအယောင်ဆောင်မှုနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှုးချုပ် ဇော်ခင်အောင်က အခုလို အတည်ပြုပြောပါတယ်။

“ အဲဒီမှာကျတော့ ကိုးကန့်ရဲတွေ ရှိတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ အောက်ကပေါ့။ ကိုးကန့်ရဲ အယောင်ဆောင်တာပေါ့ဗျာ။ ကိုးကန့်ရဲက တရုတ်တွေနဲ့လည်း ပုံစံတူတာပေါ့။ စကားပြောလည်း တရုတ်စကားပဲ ပြောတာပေါ့နော်။ အဲဒီမှာလည်း ကျနော်တို့က ကိုးကန့်ရဲ အင်အား ၁၀၀လောက် ရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်ပေ့ါနော်။ အဲဒါ သူတို့ အယောင်ဆောင်တာပေါ့။ အဲဒါကို သူတို့က ပြန်ဖမ်းပေးတာပေါ့။ ယူနီဖောင်းကလည်း ကျနော်တို့ ယူနီဖောင်း ဝတ်တယ်။ လက်ထိပ်တွေ ဘာတွေ ကိုင်တယ်။ အဲဒါမျိုးပေါ့ဗျာ။ အယောင်ဆောင်ပြီးတော့မှ သူတို့က ငွေတောင်းတာတို့ ဘာလုပ်တာတို့ ညာလုပ်တာတို့ လိုက်လုပ်တယ် ထင်တယ်။ အဲဒါကြောင့် ဥပဒေနဲ့ အညီ တရား စွဲတာပေါ့ဗျာ။”

ဖမ်းဆီးရမိတဲ့အထဲမှာ ရဲဝတ်စုံ၂စုံ၊ ကျည်ကာအင်္ကျ ီ၊ လက်ထိပ်၅ခုနဲ့ ဖိုက်ဘာသေနတ်အတု ၂လက်တို့ ပါဝင်ခဲ့ပါတယ်။

လောက်ကိုင်မြို့က ရဲအရာရှိတစ်ဦးကတော့ အယောင်ဆောင်သူ ၅ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၇၀နဲ့ တရားစွဲဆိုပြီး ထိန်းသိမ်းထားကြောင်းပြောပါတယ်။

“ တရားမဝင် ဝင်ရောက်လာတဲ့အတွက်ကြောင့် လဝက အက် ၁၃(၁)နဲ့ အမှုဖွင့်တယ်။ ဖွင့်ပြီးတော့ စစ်ဆေး ပေါ်ပေါက်ချက်အရ ရာဇသတ်ကြီး ပုဒ်မ ၁၇၀နဲ့ တရား ထပ်စွဲတာပေါ့။ တရားရုံးရဲ့ တရားသူကြီးရဲ့ ချုပ်မိန့်အရပေါ့။ ချုပ်မိန့်အရ မြို့မ ရဲစခန်းမှာ ချုပ်နှောင်ထားတာပေါ့။”

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၀ဟာ ပြည်သူ့ဝန်ထမ်း အဝတ်အစားနဲ့ အမှတ်တံဆိပ်ကို လိမ်လည် လှည့်ဖြားရန် ရည်ရွယ်ချက်နဲ့ ဝတ်ဆင်ကိုင်ဆောင်တဲ့ အမှုဖြစ်ပြီး ဒီဥပဒေအရ ထောင်ဒဏ် ၂နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့အမှု ဖြစ်ပါတယ်။

ကိုးကန့်ဒေသဟာ နယ်စပ်ဒေသဖြစ်တာကြောင့် တရားမဝင်ခိုးဝင်တာတွေ ရှိနေပြီး အများစုကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေ (လဝက)အရ အရေးယူတာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG