သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေး အကဲခတ်ဖို့ တရုတ်ဒုဝန်ကြီး ထိုင်းနယ်စပ် ရောက်ရှိ


ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံနယ်စပ်ဒေသ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံကို တရုတ်ဒုဝန်ကြီး ဒီကနေ့ပဲ ရောက်ရှိနေပါတယ်။

ကျားဖြန့်လို့ လူသိများတဲ့ ငွေလိမ်ဂိုဏ်းတွေလက်မှာ ခိုင်းစေခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို အများပြည်သူလုံခြုံရေးဆိုင်ရာ ဒုဝန်ကြီး Liu Zhongyi က ပြန်လက်ခံလိမ့်မယ်လို့ ခန့်မှန်းရကြောင်းလည်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြနေကြတာပါ။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီကနေ့ အစောပိုင်း ရောက်လာပြီး၊ မဲဆောက်ကို ခရီးဆက်ခဲ့တာလို့လည်း နီးစပ်သူတွေကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

အဖွဲ့ဝင် ၂၆ ယောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ တရုတ်ဒုဝန်ကြီးရဲ့ ဒုတိယအကြိမ် ခရီးစဉ်ကို လျို့ဝှက်ထားပေမဲ့ ဒီသီတင်းပတ် အစောပိုင်းအထိ ထိုင်းနယ်စပ်မြို့ မဲဆောက်မှာ ရှိနေလိမ့်မယ်လို့ ခန့်မှန်းရပြီး၊ မြန်မာနိုင်ငံ မြဝတီမြို့ကိုလည်း သွားရောက်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။

ငွေလိမ်ဂိုဏ်းမှာ ခိုင်းစေခံထားရတဲ့ တရုတ်နိုင်ငံသား ၆၀၀ လောက်ကို ဒုဝန်ကြီး Liu တရားဝင် လွှဲပြောင်းလက်ခံလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ပြည်ပနိုင်ငံတွေက လူအများအပြား သွေးဆောင်ဖျားယောင်းခံရပြီး အဓမ္မခိုင်းစေခံရတဲ့ သတင်းတွေ ထွက်ပေါ်လာရာက ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံက နှိမ်နင်းနေတာပါ။

တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားတွေကြား ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ငွေလိမ်ဂိုဏ်းတွေလက်က လူပေါင်း ၂၆၀ လောက် ပြန်လွတ်လာခဲ့ကြပါတယ်။

Forum

XS
SM
MD
LG