သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကွန်ပြူတာစနစ် ဖောက်ထွင်းသူ တရုတ် Hacker ထောင်ဒဏ် ၄၆ လ အပြစ်ပေးခံရ


အမေရိကန် ကွန်ပြူတာစနစ် ဖောက်ထွင်းသူ တရုတ် Hacker Su Bin (VOA-Chinese Service)
အမေရိကန် ကွန်ပြူတာစနစ် ဖောက်ထွင်းသူ တရုတ် Hacker Su Bin (VOA-Chinese Service)

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံး အသုံးပြုနေ တဲ့ ကန်ထရိုက်တာတွေ ရဲ့ ကွန်ပြူတာတွေကို Hack လုပ်ပြီး သတင်း အချက်အလက်တွေ ခိုးယူကာ တရုတ်နိုင်ငံကို လျှို့ဝှက်တင်ပို့ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရုတ်နိုင်ငံသားတဦးကို အမေရိကန်တရားသူကြီးက ထောင်ဒဏ် ၄၆ လ အပြစ်ပေးလိုက်ပါတယ်။

အဲ့ဒီ့ Su Bin ဆိုသူ တရုတ်နိုင်ငံသားက အမည်မဖေါ်တဲ့ တရုတ်ကွန်ပြူတာ hackers ၂ ယောက်နဲ့အတူ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ခိုးယူခဲ့ပြီး တရုတ်နိုင်ငံ ကို ပေးပို့ခဲ့တယ်လို့ အပြစ်ရှိကြောင်းဖြောင့်ချက်ပေးခဲ့ပါတယ်။

အမေရိကန်အမျိုးသားကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စစ်သုံးလေယာဉ်တွေရဲ့ နောက်ဆုံးပေါ်ခေတ်မှီ ဒီဇိုင်း ပုံစံသစ်တွေကို တရုတ်စစ်တပ်က ကွန်ပြူတာ Hackers တွေက တရားမဝင် နည်းပညာတွေသုံးပြီး ခိုးယူခဲ့တဲ့နေရာမှာ Su Bin က ကူညီပံ့ပိုးခဲ့တယ်လို့ အမေရိကန်အမျိုးသားလုံခြုံဌာန လက်ထောက်ရှေ့နေချုပ် John Carlin ကပြောဆိုလိုက်ပါတယ်။

Su Bin က သူ့နဲ့အတူပူးပေါင်းကြံစည်သူ တရုတ်စစ်တပ်ကအရာရှိတွေကို သူတို့ ဘာကို ပစ်မှတ်ထားမလဲ၊ ဘယ်ဖိုင်တွဲတွေကိုခိုးကြလဲ၊ သူတို့ခိုးမယ့် သတင်း အချက်အလက်တွေက ဘာ့ကြောင့်ထူးခြားတာလဲ စတာတွေ ကို ပြောပြခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီ့တရုတ်စစ်တပ် hackers တွေက F-22, F-35 ဂျက်တိုက်လေယာဉ်တွေအပြင် စစ်ဘက်သုံး Boeing C-17 ကုန်တင်လေယာဉ် ဒီဇိုင်းပုံစံတွေကို ပစ်မှတ်ထား ခိုးယူခဲ့တယ်လို့ တရားရုံးက မှတ်တမ်းတင်ထားပါတယ်။

၂၀၁၄ ခုနှစ်က ကနေဒါနိုင်ငံမှာ Su Bin ကို ဖမ်းဆီးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကို ခေါ်ဆောင်ခဲ့ပါတယ်။ သူ့ကို အနှစ် ၃၀ ထောင်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်ပေမဲ့ ပြီးခဲ့တဲ့ မတ်လကမှ အပြစ်ရှိကြောင်းဖြောင့်ချက်ပေးဖို့ သဘောတူခဲ့တဲ့အတွက် အမှုပြန်ဖွင့် စစ်ဆေးပြီး အခု ၄၆ လထောင်ဒဏ်အပြစ်ပေးလိုက်တာဖြစ်ပါတယ်။

အမေရိကန် ကွန်ပြူတာစနစ် ဖောက်ထွင်းသူ တရုတ် Hacker ထောင်ဒဏ် ၄၆ လ အပြစ်ပေးခံရ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG