သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံသားများ လွတ်မြောက်မှု အပေါ် နိုင်ငံခြားရေးဌာန တုန့်ပြန်


ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံး သို့ရောက်လာတဲ့ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများ။ (ဇူလိုင် ၂၂၊ ၂၀၁၅)
ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံး သို့ရောက်လာတဲ့ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများ။ (ဇူလိုင် ၂၂၊ ၂၀၁၅)

ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ တရုတ်နိုင်ငံသား သစ်ခိုးခုတ်သူ ၁၅၅ ဦးတို့ကို သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အပေါ် တရုတ်ဘက်က အသိအမှတ်ပြုတဲ့ အကြောင်းနဲ့ ဒီလူတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ အတွက် တရုတ် အစိုးရက မြန်မာ အာဏာပိုင်တို့နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hong Lei က နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအာဏာ ပိုင်တို့ကဘက်က သောကြာနေ့မှာ တရုတ် သစ်ခိုးခုတ်သူတွေကို တရုတ်နိုင်ငံဘက် ပြန်လည် လွှဲပြောင်းပေးမယ်ဆိုတာကို ကြာသပတေးနေ့ မနက်က အကြောင်းကြားခဲ့ပါတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရ ကပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကြောင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို တရုတ်ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ခေါ်ယူတွေ့ဆုံပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ တာဟာ ပြင်းထန်ကြောင်း ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့ ကြာသပတေးနေ့မှာ နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၆၉၆၆ ဦးတို့ လွတ်လာခဲ့တာပါ။ ဒီထဲမှာ ကချင်ပြည်နယ် အတွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တရုတ်နိုင်ငံ သား (၁၅၅) ဦးလည်း ပါဝင်ခဲ့တာပါ။ ၂၀၀၄ ခုနှစ်က နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တချို့လည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါတယ်။

မနေ့ ကြာသပတေးနေ့တုန်းက လွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်နဲ့ သတင်းသမား တချို့ လွတ်မြောက်ခဲ့ပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော်၊ အလုပ်သမား အခွင့်အရေး တောင်းဆိုသူတွေ၊ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ ကျောင်းသားတွေလည်း ကျန်ရှိနေသေးသလို နောက်ထပ် ၄၀၀ ကျော်တို့ဟာလည်း အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG