သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှစ်သစ်ကူးပွဲတော် နိုင်ငံတကာဆင်နွှဲ


လန်ဒန်မြို့မှာ တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေကြသူများ။
လန်ဒန်မြို့မှာ တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေကြသူများ။
ကမ္ဘာတလွှား သန်း ထောင်နဲ့ချီတဲ့ တရုတ်နွယ်ဖွား အာရှသားတွေဟာ မိသားစုတွေနဲ့အတူ ရိုးရာနှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲပြီး မီးရောင်စုံတွေ၊ ရိုးရာ စားသောက်ပွဲတွေ၊ ခြင်္သေ့က၊ နဂါးအကတွေနဲ့ မြွေနှစ်သစ်ကို ကြိုဆိုနေကြပါတယ်။

တရုတ်နိုင်ငံမှာလည်း မိသားစုနဲ့ခွဲပြီး ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေသူတွေ သန်းပေါင်းများစွာဟာ ဘက်စ်ကားတွေ၊ ရထားတွေ၊ လေယာဉ်၊ သင်္ဘောတွေနဲ့ အိမ်ပြန်ခရီးနှင်ပြီး ၁၅ ရက်ကြာ နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲကြတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ တရုတ်ပြည်သူ အများစုအတွက် ဒီ နှစ်ကူး အားလပ်ရက်ဟာ အဓိကကျတဲ့ တခုတည်းသော အားလပ်ရက်လည်း ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်မှာလည်း စနေနေ့ ညနေခင်းပိုင်းမှာ နှစ်သစ်ကူးမယ့်အချိန်ကို ကြိုဆိုတဲ့ ပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။ မန်ဒရင်း ဘာသာစကားနဲ့ တရုတ်ရိုးရာ သီချင်းတပုဒ်ဖြစ်တဲ့ စပယ်ပန်း ဆိုတဲ့သီချင်းကို ကမ္ဘာကျော်အဆိုတော့ Celine Dion ရဲ့ သီဆိုဖျော်ဖြေမှု အပါအဝင် တရုတ် ထိပ်တန်း အနုပညာရှင်တွေကလည်း နှစ်သစ်ကူး ဖျော်ဖြေပွဲတွေ တင်ဆက်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုနှစ် နှစ်ကူးပွဲတော်မှာ တရုတ်အစိုးရက လေထုညစ်ညမ်းမှုကို စိုးရိမ်ပူပန်တဲ့အတွက် မီးရှူးမီးပန်းဖောက်သံတွေ တညလုံး တိတ်ဆိတ်နေခဲ့ပါတယ်။ အခုနှစ်သစ်ရဲ့ လက္ခဏာဖြစ်တဲ့ မြွေရဲ့ အဓိပ္ပါယ်က တရုတ်ရိုးရာ အယူအဆအရ ချမ်းသာကြွယ်ဝမှု၊ အသက်ရှည်ပြီး ဉာဏ်ပညာ ကြီးမားမှုတွေကို ရည်ညွှန်းပေမဲ့ တရုတ်ရာသီခွင် ဇိုးဒစ်လက္ခဏာကို ဖော်ညွှန်းတဲ့ တခြား သတ္တဝါတွေထဲက နဂါးလို သတ္တဝါတွေလောက်တော့ မြွေနှစ်က ကျက်သရေမင်္ဂလာ မြင့်မားမှု မရှိဘူးလို့ ယုံကြည်ကြပါတယ်။
XS
SM
MD
LG