သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာမှာ တရုတ်နှစ်သစ်ကူးပွဲ ကျင်းပ

Chinese New Year5 2018
Chinese New Year5 2018

ကိုဗစ်ကင်းစင်ရေး မူဝါဒကို အစိုးရက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် မိသားစု ဆုံစည်း၊ ဘုရားကျောင်းကန်တွေကို လူတွေ အုံလိုက်ကျင်းလိုက်သွားလာကြပြီး တရုတ်ပြည်အနှံ့မှာ နှစ်သစ်ကူးပွဲကို ဆင်နွှဲနေကြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်တာ ကိုဗစ်ကာလ စကတည်းကဆိုရင် ဒါဟာ အကြီးမားဆုံး ပွဲတော်လည်း ဖြစ်ပါတယ်။ ကိုဗစ် အကန့်အသတ်တွေ ဖြေလျှော့လိုက်ပြီးတဲ့နောက် လူတွေဟာ မိသားစုနဲ့ ဆုံဆည်းကြဖို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပထမဆုံးအကြိမ်အဖြစ် ပြန်လာနိုင်ကြတာပါ။

မြန်မာနိုင်ငံမှာလည်း နှစ်ကူးအကြို စနေနေ့မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေက တရုတ် နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုလိုက်တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။ ဒီပွဲကို မြန်မာနိင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးရော၊ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက်ခဲ့ကြတယ်လို့ ဆင်ဟွာက ပြောပါတယ်။

The Global New Light of Myanmar သတင်း အင်တာနက် စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့ဟာ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားအဖြစ် ကျင်းပခဲ့တဲ့ ရန်ကုန် သုဝဏ္ဏအားကစားကွင်း ဘတ်စက်ကက်ဘောပွဲကို ကြည့်ရှုခဲ့ပြီးနောက် ဆက်လက် ကျင်းပတဲ့ ဖျော်ဖြေပွဲတွေကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံဟာ ပေါက်ဖော်ဆက်ဆံရေး ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်း မှာ ပြောကြားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

==== Unicode ====






This item is part of
XS
SM
MD
LG