သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ႏိုင္ငံတကာမွာ တ႐ုတ္ႏွစ္သစ္ကူးပြဲ က်င္းပ


Chinese New Year5 2018

ကိုဗစ္ကင္းစင္ေရး မူဝါဒကို အစိုးရက ႐ုပ္သိမ္းလိုက္ၿပီးတဲ့ေနာက္ မိသားစု ဆုံစည္း၊ ဘုရားေက်ာင္းကန္ေတြကို လူေတြ အုံလိုက္က်င္းလိုက္သြားလာၾကၿပီး တ႐ုတ္ျပည္အႏွံ႔မွာ ႏွစ္သစ္ကူးပြဲကို ဆင္ႏႊဲေနၾကပါတယ္။

လြန္ခဲ့တဲ့ သုံးႏွစ္တာ ကိုဗစ္ကာလ စကတည္းကဆိုရင္ ဒါဟာ အႀကီးမားဆုံး ပြဲေတာ္လည္း ျဖစ္ပါတယ္။ ကိုဗစ္ အကန္႔အသတ္ေတြ ေျဖေလွ်ာ့လိုက္ၿပီးတဲ့ေနာက္ လူေတြဟာ မိသားစုနဲ႔ ဆုံဆည္းၾကဖို႔ ကိုယ့္ရပ္ကိုယ့္႐ြာကို ပထမဆုံးအႀကိမ္အျဖစ္ ျပန္လာႏိုင္ၾကတာပါ။

ျမန္မာႏိုင္ငံမွာလည္း ႏွစ္ကူးအႀကိဳ စေနေန႔မွာ ႏွစ္ႏိုင္ငံ ကိုယ္စားလွယ္ေတြက တ႐ုတ္ ႏွစ္သစ္ကူးပြဲေတာ္ကို ႀကိဳဆိုလိုက္တယ္လို႔ ဆင္ဟြာသတင္းက ဆိုပါတယ္။ ဒီပြဲကို ျမန္မာနိင္ငံဆိုင္ရာတ႐ုတ္ သံအမတ္ႀကီးေရာ၊ စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ပါ တက္ေရာက္ခဲ့ၾကတယ္လို႔ ဆင္ဟြာက ေျပာပါတယ္။

The Global New Light of Myanmar သတင္း အင္တာနက္ စာမ်က္ႏွာမွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္နဲ႔ ဇနီးတို႔ဟာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားအျဖစ္ က်င္းပခဲ့တဲ့ ရန္ကုန္ သုဝဏၰအားကစားကြင္း ဘတ္စက္ကက္ေဘာပြဲကို ၾကည့္႐ႈခဲ့ၿပီးေနာက္ ဆက္လက္ က်င္းပတဲ့ ေဖ်ာ္ေျဖပြဲေတြကို တက္ေရာက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံဟာ ေပါက္ေဖာ္ဆက္ဆံေရး ႐ွိတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က သူ႔မိန္႔ခြန္း မွာ ေျပာၾကားခဲ့တယ္လို႔ သတင္းက ဆိုပါတယ္။

==== Unicode ====

ကိုဗစ်ကင်းစင်ရေး မူဝါဒကို အစိုးရက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် မိသားစု ဆုံစည်း၊ ဘုရားကျောင်းကန်တွေကို လူတွေ အုံလိုက်ကျင်းလိုက်သွားလာကြပြီး တရုတ်ပြည်အနှံ့မှာ နှစ်သစ်ကူးပွဲကို ဆင်နွှဲနေကြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်တာ ကိုဗစ်ကာလ စကတည်းကဆိုရင် ဒါဟာ အကြီးမားဆုံး ပွဲတော်လည်း ဖြစ်ပါတယ်။ ကိုဗစ် အကန့်အသတ်တွေ ဖြေလျှော့လိုက်ပြီးတဲ့နောက် လူတွေဟာ မိသားစုနဲ့ ဆုံဆည်းကြဖို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပထမဆုံးအကြိမ်အဖြစ် ပြန်လာနိုင်ကြတာပါ။

မြန်မာနိုင်ငံမှာလည်း နှစ်ကူးအကြို စနေနေ့မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေက တရုတ် နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုလိုက်တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။ ဒီပွဲကို မြန်မာနိင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးရော၊ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက်ခဲ့ကြတယ်လို့ ဆင်ဟွာက ပြောပါတယ်။

The Global New Light of Myanmar သတင်း အင်တာနက် စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့ဟာ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားအဖြစ် ကျင်းပခဲ့တဲ့ ရန်ကုန် သုဝဏ္ဏအားကစားကွင်း ဘတ်စက်ကက်ဘောပွဲကို ကြည့်ရှုခဲ့ပြီးနောက် ဆက်လက် ကျင်းပတဲ့ ဖျော်ဖြေပွဲတွေကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံဟာ ပေါက်ဖော်ဆက်ဆံရေး ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်း မှာ ပြောကြားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

XS
SM
MD
LG