သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ဖိလစ်ပိုင် သမ္မတနှစ်ဦး တောင်တရုတ်ပင်လယ်အရေး ဆွေးနွေး


South China Sea
South China Sea

တောင်တရုတ်ပင်လယ်တွင်းမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ထိန်းချုပ်လုပ်ဆောင်သွားကြဖို့ လိုတယ်ဆိုတာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဒီကနေ့ အလေးထားပြောဆိုခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောပါတယ်။

ယူကရိန်းအကျပ်အတည်းဆိုင်ရာ စိုးရိမ်ချက်တွေ၊ COVID-19 ကပ်ရောဂါအရေးတွေအပါအဝင် အကြောင်းအရာမျိုးစုံကို ခေါင်းဆောင်နှစ်ဦးကြား သောကြာနေ့က တနာရီကြာ တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ကြတာပါ။

“ထိန်းချုပ်လုပ်ဆောင်တာ၊ တင်းမာမှုတွေ လျော့ပါးပျောက်ကွယ်စေတာနဲ့ လက်တွေ့ကျထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် နှစ်ဘက်သဘောတူနိုင်တဲ့ မူဘောင်တခုချမှတ်ရေး လုပ်ဆောင်တာတွေကနေ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ တည်ငြိမ်မှုတို့ကို ထိန်းသိမ်းရေး အစွမ်းကုန်အားထုတ်သွားဖို့ လိုတယ်ဆိုတာ ခေါင်းဆောင်တွေ အလေးထား ပြောဆိုခဲ့ ကြပါတယ်” လို့ ဖိလစ်ပိုင်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အငြင်းပွားမှုတွေ ရှိနေတဲ့ကြားကပဲ အပေါင်းလက္ခဏာဆောင် ဆက်သွယ်လုပ်ဆောင်မှုတွေအတွက် အခင်းအကျင်းကို တိုးချဲ့ သွားရေး နှစ်ဘက်စလုံးက အခိုင်အမာပြောခဲ့ကြတယ်လို့လည်း ဖိလစ်ပိုင်သမ္မတရုံးက ဆိုပါတယ်။

သမ္မတ ဒူတာတေးဟာ ၂၀၁၆ ခုနှစ်မှာ အာဏာရခဲ့ကတည်းက တရုတ်နိုင်ငံနဲ့ ပိုပြီးနွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အကူအညီ၊ ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒေါ်လာ ဘီလီယံပေါင်းများစွာရမယ့် ကတိကဝတ်တွေအတွက် တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုကိစ္စ နှစ်ပေါင်းများစွာ အငြင်းပွားလာတာကို ဘေးဖယ်ထားခဲ့ပါတယ်။

==Unicode ===






XS
SM
MD
LG