သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေး တိုးမြှင့်မယ် တရုတ်ဝန်ကြီးချုပ် သြစတြေးလျ ခရီးစဉ်


တရုတ်ဝန်ကြီးချုပ် Li Qiang ကို ဩစတြေးလျနိင်ငံခြားရေးဝန်ကြီး Penny Wong က Adelaide လေဆိပ်မှာ ကြိုဆိုနှုတ်ဆက် (ဓါတ်ပုံ - Reuters)
တရုတ်ဝန်ကြီးချုပ် Li Qiang ကို ဩစတြေးလျနိင်ငံခြားရေးဝန်ကြီး Penny Wong က Adelaide လေဆိပ်မှာ ကြိုဆိုနှုတ်ဆက် (ဓါတ်ပုံ - Reuters)

တရုတ်ဝန်ကြီးချုပ် Li Qiang ဟာ တရုတ်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဩစတြေးလျဝိုင်လုပ်ငန်း အများစု တည်ရှိရာဒေသကို ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ သွားရောက်ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်တဲ့ အထိမ်းအမှတ်အဖြစ် အောင်ပွဲခံခဲ့ပါတယ်။

ဝန်ကြီးချုပ် Li Qiang ရဲ့ ခရီးစဉ်ဟာ ၇ နှစ်အတွင်း ဩစတြေးလျနိုင်ငံကို တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အရာရှိတဦးအနေနဲ့ လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်ဘက်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ဩစတြေးလျရဲ့ ပြည်ပပို့ကုန် အတော်များများကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဩစတြေးလျအတွက် အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး အဓိက ကုန်ပစ္စည်းတွေဖြစ်တဲ့ သံ ၊ သတ္ထုရိုင်းနဲ့ ကျောက်မီးသွေး အပါအဝင် ဩစတြေးလျရဲ့ ပြည်ပပို့ကုန်အားလုံးရဲ့ ၃၀% ကို မနှစ်က တင်သွင်းခဲ့ပါတယ်။

မနှစ် ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံ ရှိခဲ့ပါတယ်။

အပြန်အလှန် လေးစားမှု၊ နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမယ့် မတူညီမှုတွေ ဖယ်ထုတ်ပြီး တူညီတဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းက တရုတ်-ဩစတြေးလျ ဆက်ဆံရေး ပိုမိုကြီးထွားလာစေမယ့် အဓိကအချက်တွေ ဖြစ်တယ်လို့ မနေ့ စနေနေ့က Adelaide မြို့ကို ရောက်ရှိတဲ့အချိန်မှာ ဝန်ကြီးချုပ် Li Qiang က ပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်မွမ်းမံနိုင်ဖို့အတွက် ရည်ရွယ်ပြီး မနှစ် နိုဝင်ဘာလက ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese တရုတ်နိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး အတက်အကျတွေရှိခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေခဲ့တယ်လို့ တရုတ်ဝန်ကြီးချုပ် Li Qiang က ပြောပါတယ်။

Forum

XS
SM
MD
LG