သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်


တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်
တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ မေလ ၂၈ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအပါအဝင် အာရှလေးနိုင်ငံဆီ ခရီးထွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ကြေညာပါတယ်။

မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရဲ့ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောရေးဆိုခွင့်ရှိသူ Ma Zhaoxu က ပြောကြောင်း အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ရေးထားပါတယ်။

မြန်မာနိုင်ငံအပြင် မစ္စတာဝမ်သွားရောက်မယ့် တခြား အာရှသုံးနိုင်ငံကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
မစ္စတာဝမ်ဟာ တောင်ကိုရီးယားနိုင်ငံ၊ Jeju ကျွန်းမှာကျင်းပမယ့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် သုံးနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကိုလဲ တက်ရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

XS
SM
MD
LG