သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက က တရုတ်ရင်းနှီးမြှုပ်နှံမှု ပြဿ နာ အဖြေရှာဖို့ ဝန်ကြီးချုပ် သွားရောက်


အာဖရိက-တရုတ် ချစ်ကြည်ရေး။
အာဖရိက-တရုတ် ချစ်ကြည်ရေး။
တရုတ်နိုင်ငံနဲ့ အာဖရိကနိုင်ငံတွေအကြားမှာ အလုပ်သမားရေးမကြေလည်မှုတွေ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သတ်တဲ့ ပြဿနာတွေဟာ သူ့အဆို နှစ်ဘက်ကြားကြီးထွား လာနေတဲ့ အဖုအထစ်တွေရဲ့ လက္ခဏာပဲလို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောပြီး အာဖရိက ၄ နိုင်ငံခရီးစဉ်အတွက် ပီကင်းမြို့ကနေ ထွက်ခွာသွားပါတယ်။

အာဖရိကနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ဒေသရဲ့ စည်းမျဉ်းဥပဒေလို လိုက်နာပြီး ဒေသခံ ရပ်ရွာအသိုက်အဝန်း နဲ့ ပတ်ဝန်းကျင်ရဲ့ အကျိုးစီးပွားကို တာဝန်ယူမှုရှိကြဖို့ ဒီကနေ့ တနင်္ဂနွေနေ့ ခရီး မစခင် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

သက်ဆိုင်ရာ အာဖရိကနိုင်ငံတွေအနေနဲ့လည်း ဈေးကွက်ဆိုင်ရာ စည်းမျဉ်းတွေကို ခိုင်မာအောင်လုပ်ဆောင်ပြီး တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွား ပြီးတော့ အလုပ်သမားတွေရဲ့ ဘေးကင်းလုံခြုံရေးတို့ကို အကာအကွယ်ပေးဖို့လည်း တရုတ်ဝန်ကြီးချုပ်က တောင်းဆိုသွားပါတယ်။

တရုတ်ဝန်ကြီးချုပ် Li Keqiang ဟာ တပတ်ကြာ သူ့ရဲ့ အာဖရိကခရီးစဉ်အတွင်းမှာ Ethiopia, Nigeria, Angola နဲ့ Kenya နိုင်ငံတို့ဆီ သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG