သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူလက်နက်ပိတ်ပင်မှု တရုတ်ဝေဖန်


တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်
တရုတ်နိုင်ငံက ဥရောပယူရိုငွေကြေး အကြပ်အတည်း ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဆက်ပြီး လုပ်နေပေမယ့် EU အီးယူ ဥရောပ သမဂ္ဂက တရုတ်နိုင်ငံအတွက် လက်နက် မရောင်းဖို့ အရင်ကတည်းက တားမြစ်ထားတာကို အခုထိ ဖျက်သိမ်းမပေးသေးဘူးလို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ဝေဖန်လိုက်ပါတယ်။

ဘရပ်ဆဲလ် (Brussels) မှာ ကြာသပတေးနေ့ ကျင်းပတဲ့ EU ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာ ဝမ်က အခုလို ပြောကြားလိုက်တာပါ။ ဆွေးနွေးပွဲအစပိုင်းမှာ တရုတ်နဲ့ EU တို့ကြား ဆက်ဆံရေး ခိုင်မာမှုအတွက် ဦးစားပေး ပြောကြားခဲ့ပေမယ့် လက်နက် ရောင်းဝယ်မှု တားမြစ်တဲ့ ကဏ္ဍကိုရောက်လာတဲ့ အခါမှာတော့ သတင်းထောက်တွေ အတွက် ဗီဒီယိုကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှု ကို ရပ်တန့်ပစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် တီယာနင်မင် ရင်ပြင် (Tiananmen Square) အရေးအခင်းဖြစ်ပွါးခဲ့ပြီးတဲ့နောက် အီးယူက တရုတ်အတွက် လက်နက်ရောင်းဝယ်မှုကို တားမြစ်ခဲ့တာပါ။

တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေကို လာမယ့်လ အနည်းငယ် အတွင်းမှာပဲ ပြုလုပ်ဖို့ ရှိပါတယ်။ ဒါ့ကြောင့် အခု အီးယူ တရုတ်ထိပ်သီးဆွေးနွေးပွဲဟာ မစ္စတာဝမ် ဝန်ကြီးချုပ်အဖြစ် နောက်ဆုံးအကြိမ်တက်ရောက်တဲ့ အစည်းအဝေး ဖြစ်ဖို့ ရှိပါတယ်။

ဆွေးနွေးပွဲ အပြီးမှာတော့ မစ္စတာဝမ်က ဥရောပနိုင်ငံတွေဟာ ငွေကြေးပြဿနာ အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်နေပြီဖြစ်ပြီး ဒါကို အကောင်ထည်ဖေါ် ဆောင်ရွက်ဖို့က အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG