သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကိုချုပ်ကိုင်ဖို့ တရုတ်သမ္မတ စစ်ရာထူးသစ် ရယူ


တရုတ်သမ္မတ ရှီ ကျင့်ပင် စစ်ရေးလေ့ကျင့်မှုစစ်ဆေးစဉ်။
တရုတ်သမ္မတ ရှီ ကျင့်ပင် စစ်ရေးလေ့ကျင့်မှုစစ်ဆေးစဉ်။

တရုတ်သမ္မတ ရှီ ကျင့်ပင်ဟာ ပူးတွဲ စစ်ဆင်ရေး ကွပ်ကဲမှုဌာနရဲ့ ဦးစီးချုပ်ဆိုတဲ့ ရာထူးအသစ်နဲ့အတူ တရုတ်စစ်တပ်ရဲ့ ဦးစီးချုပ် နေရာကို ပိုပြီးတော့ တိုက်ရိုက်ကျတဲ့ နည်းလမ်းနဲ့ ရယူလိုက်ပါတယ်။

သမ္မတရှီရဲ့ ရာထူးအသစ်ကို ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ အဲဒီသတင်းတွေ ထဲမှာ သမ္မတရှီက စစ်ဆင်ရေးကွပ်ကဲမှုဌာနရဲ့ လက်မောင်းတံဆိပ်ပါတဲ့ တိုက်ပွဲဝင် စစ်ဝတ်စုံကို ဝတ်ဆင်ထားတာ ပထမဆုံး အကြိမ် တွေ့ကြရပါတယ်။

သမ္မတရှီဟာ လက်ရှိမှာကိုပဲ ကမ္ဘာပေါ်မှာ အကြီးဆုံး အမြဲတမ်းစစ်တပ်ဖြစ်တဲ့ တပ်ဖွဲ့ဝင် ၂.၃ သန်းပါ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA ကို ကြီးကြပ်ရတဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌနေရာကို ယူထားပြီးသားပါ။

သူဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သလို မကြာသေးခင်ကမှ အသစ်ဖွဲ့စည်းတဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

မတူကွဲပြားတဲ့ တပ်ဖွဲ့အသီးသီးအကြား ပေါင်းစပ်ရေး ပိုပြီး တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်တဲ့ PLA ရဲ့ ကွပ်ကဲမှု တည်ဆောက်ပုံ ပြန်လည်ဖွဲ့စည်းရေးကိစ္စကို စစ်ဘက်အကြီးအကဲအနေနဲ့ သမ္မတရှီက ကြီးကြပ်တာဖြစ်ပါတယ်။

XS
SM
MD
LG