သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ် လွတ်လပ်ရေးကိစ္စ တရုတ်သမ္မတသတိပေး


တရုတ် သမ္မတ ရှီကျင့်ပင်က လွှတ်တော် နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်း ပြောဆို
တရုတ် သမ္မတ ရှီကျင့်ပင်က လွှတ်တော် နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်း ပြောဆို

တိုင်ဝမ်ကျွန်းနဲ့ တိုင်ဝမ် လွတ်လပ်ရေးဘက်ကို ယိမ်းတဲ့ အစိုးရသစ်ကို တရုတ်သမ္မတ ရှီကျင့်ပင်က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ တိုင်ဝမ် လွတ်လပ်ရေးအတွက် ဆောင်ရွက်မှု မှန်သမျှကို တရုတ်အစိုးရက ပြတ်ပြတ်သားသား ဟန့်တားသွားမှာ ဖြစ်ပြီး ခွဲထွက်မယ့် နောက်ထပ် သမိုင်းဝင် အဖြစ်ဆိုးမျိုး ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ် သမ္မတ ရှီကျင့်ပင်က လွှတ်တော် နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်တာ ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြပါတယ်။

၁၉၄၉ ခုနှစ်က ချန်ကေရှိတ်ရဲ့ မျိုးချစ်တပ်ဖွဲ့တွေ မော်ဆီတုန်းရဲ့ ကွန်မြူနစ် တပ်မတော်ကို ပြည်တွင်းစစ်မှာ ရှုံးနိမ့်ပြီး တရုတ်ပြည်မကြီးကနေ ထွက်ပြေးသွားပြီးတဲ့နောက် တရုတ်နဲ့ တိုင်ဝမ်တို့ ကွဲကွာခဲ့ကြတာဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်တဲ့ တိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးကနေ ကွဲထွက်နေတဲ့ ခရိုင်တခုအဖြစ် တရုတ် အစိုးရက ရှုမြင်ထားတာ ဖြစ်ပြီး လိုအပ်ရင် အင်အားသုံးပြီး တိုင်ဝမ်ကျွန်းကို တရုတ်ရဲ့ အုပ်ချုပ်မှုအောက် ပြန်လည် ရယူဖို့အတွက် တရုတ် အစိုးရက သန္နိဋ္ဌာန် ချထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG