သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ တရုတ်ပါမောက္ခအတွက် ကျောင်းသားဟောင်းများ အိတ်ဖွင့်ပေးစာပို့


ဗွီအိုအေသတင်းဌာနနဲ့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနေချိန်အတွင်း တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တဲ့ ပါမောက္ခ Sun Wenguang အနေနဲ့ ဘေးမသီရန်မခရှိနေပြီး ပြန်လွတ်ပေးဖို့အတွက် Shangong တက္ကသိုလ်က ကျောင်းသားဟောင်း ၁၅၀ က တက္ကသိုလ် တာဝန်ရှိသူတွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ အဲဒီလုပ်ရပ်ဟာ အမျက်ဒေါသထွက်စရာ ကောင်းပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့အပြင် ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့လုပ်ရပ်ဖြစ်တာကြောင့် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း အဲဒီ အိတ်ဖွင့်ပေးစာကို လက်မှတ်ရေးထိုးသူတဦးဖြစ်တဲ့ Wang Shujun ဆိုသူက ဗွီအိုအေကို ပြောပါတယ်။ အသက် ၈၄ နှစ်ရှိပြီဖြစ်ပြီး အစိုးရကို ဝေဖန် ပြောဆိုလေ့ရှိတဲ့ ပါမောက္ခကို အခုလို Shandong ပြည်နယ် အရာရှိတွေက ရိုင်းပျစွာ ဖမ်းဆီးခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာမှာ တရုတ်နိုင်ငံရဲ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်သွားစေကြောင်းလည်း သူက ပြောပါတယ်။

ဒီလုပ်ရပ်အပေါ် သမ္မတ ရှီကျင့်ဖျင်သိရင်လည်း ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့ကလုပ်တဲ့ ဗွီအိုအေနဲ့ တယ်လီဖုန်းကတဆင့် မေးမြန်းခန်းအတွင်း Wang Shujun က ပြောပါတယ်။

ဗွီအိုအေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေက ပါမောက္ခရဲ့အခြေအနေကို မေးမြန်းခဲ့ပေမယ့်လည်း တရုတ်အာဏာပိုင်တွေနဲ့ Shandong တက္ကသိုလ် တာဝန်ရှိသူတွေက ရေငုံ နှုတ်ပိတ်နေခဲ့ကြပါတယ်။

ပင်စင်ယူထားတဲ့ ပါမောက္ခ Sun Wenguang ဘယ်မှာ ရှိနေတယ်ဆိုတဲ့ကိစ္စအပေါ် စိုးရိမ်ပူပန်မိကြောင်း သမ္မတ Trump အစိုးရကလည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG